'
အမိမြေ

ဆီးရီးယားတွင် ဆိုးရွားသော ဆန္ဒပြနှိမ်နှင်းမှုကြောင့်သေဆုံးသူ ၅၀၀၀ မှ ၆၀၀၀ အထိရှိလာ


alt

ဇန်နဝါရီ ၈။    ။ ဆီးရီးယားတွင်ဆိုးရွားသော ဆန္ဒပြနှိမ်နှင်းမှုကြောင့် သေဆုံးသူ ၅၀၀၀ မှ ၆၀၀၀ အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
အစိုးရတပ်နှင့် အစိုးရဆန့်ကျင်တပ်များအကြား တိုက်ခိုက်မှုများသည် ဟွန်းစ်မြို့တွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှ ၁၀ ဦးသေဆုံးလျက်ရှိကြောင်း ဒေသခံပြည်သူ တစ်ဦးမှပြောကြားခဲ့သည်။ ဆန္ဒပြသပိတ်မှောက်ပြည်သူများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့မှ ကြိုးပမ်းနေစဉ်အတွင်းတွင်လည်း ကားဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။ ယင်းဆန္ဒပြသပိတ်မှောက်မှုတွင် အသေခံဗုံးဖောက်ခွဲမှုများပါ ပါဝင်လာပြီး မြို့ကြီးအားလုံးနီးပါး ရုတ်ရုတ်သဲသဲဖြစ်ပေါ်လျှက်ရှိသည်။ အစိုးရရုံးများ၊ ကျောင်းများ၊ ဈေးနှင့် ဆိုင်ခန်းအားလုံး ပိတ်သိမ်းထားရပြီး အစိုးရဆန့်ကျင်တပ်ဖွဲ့နှင့် အစိုးရတပ်တို့မှလည်း မြို့ပေါ်တွင် အကြိတ်အနယ်တိုက်ခိုက် လျက်ရှိသည်။
ပြီးခဲ့သည့် သောကြာနေ့တစ်ရက်အတွင်း သေဆုံးသူ ၆၀ ကျော်ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ အစိုးရဆန့်ကျင့်ဆန္ဒပြပြည်သူများမှာ တစ်နိုင်ငံလုံးနီးပါးအင်အားရှိပြီး ယင်းအား ကိုင်တွယ်ဖြေရှင်းရန် ဆီးရီးယားတို့မှ အင်မတန်အခက်ကြုံနေကြောင်း သိရသည်။
ယင်းဆိုးရွားနေသော အခြေအနေကို အာရပ်အုပ်စုမှ ကူညီဖြေရှင်းပေးရန်ကြိုးပမ်းလျက်ရှိပြီး အာရပ်အဖွဲ့ချုပ်မှ အရာရှိများ ဆီးရီးယားနိုင်ငံသို့ရောက်ရှိလျက်ရှိကြောင်း သိရသည်။ ဟာမာ၊ဒါရာ၊ အလာဟက်စကာ အပြင် အခြား မြို့ကြီး သုံးခုတွင် လုံခြုံရေးတပ်နှင့် ပြည်သူများအကြား တိုက်ခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး အစိုးရ အလာအက်ဆက်မှ လက်နက်ခဲယမ်းများအသုံးပြုရန်အမိန့်ပေးခဲ့ပြီးဖြစ်သည်။
ဆီးရီးယား သမ္မတ အလာအက်ဆက် အာဏာရယူသည့် ၂၀၀၀ခုနှစ် ဇူလိုင်လမှစတင်ပြီး ပြည်သူတို့ မလိုလားခဲ့ရာ နှစ်စဉ်နှစ်တိုင်းဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ဆန္ဒပြမှုများ၌ ၂၀၁၁ နှစ်လယ်ပိုင်းမှ စတင်သည့် ပဋိပက္ခသည် သမိုင်းတစ်လျှောက်အဆိုးရွားဆုံးဖြစ်ပြီး ယနေ့အထိ လူပေါင်း ၆၀၀၀ နီးပါးအထိ သေဆုံးစေခဲ့သည်။
ယင်းပြသနာများအားဖြေရှင်းရန် အာရပ်အဖွဲ့နှင့် ကုလသမ္မဂတို့ ဆီးရီးယားစောင့်ကြည့်ရေး အရာရှိ ၁၆၅ ဦးလွတ်ထားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ လက်ရှိ ဆီးရီးယားသမ္မတ အလာအက်ဆက်အား ရာထူးမှ နှုတ်ထွက်ရေး ရွေးကောက်ပွဲသစ်တစ်ရပ် ပြုလုပ်ပေးရန် အမေရိကန်အပါအဝင် အနောက်နိုင်ငံ အုပ်စုများက ဖိအားပေးလျက်ရှိကြောင်း သိရသည်။
 Ref : shwelone.com

0 comments:

Post a Comment


Popular Posts