'
အမိမြေ

ငွေစက္ကူအတုဟုယူဆရသည့်ငွေများ ကိုင်ဆောင်သုံးစွဲသူများကိုဖမ်းဆီး


၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် လှည်းကူးမြို့မဈေးအတွင်း ငါးရောင်းသော လှည်းကူး မြို့နယ် ပိုက်ကြီးဝဲကျေးရွာနေ မ၀င်းဝင်း မြတ် (၂၀ နှစ်)နှင့် လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်နေ မဇင်မာဦး (ခ) မဇင်မာ (၂၇ နှစ်)တို့ နှစ်ဦးမှာ ငွေလို၍ မ၀င်းဝင်းမြတ်က လှည်းကူးမြို့နယ်၊ မြို့မရပ် ကွက် တပင်ရွှေထီးလမ်းနေ မလှလှဌေး (၄၄ နှစ်)ထံမှ ငွေနှစ်သိန်း ချေးယူပြီး သုံးစွဲခဲ့ရာ ထိုငွေများမှာ အတုများဖြစ် နိုင်ကြောင်း သတင်းအရ လှည်းကူး ရဲစခန်းမှ ဒုရဲအုပ်သန့်ဇင်ဦးက မ၀င်းဝင်း မြတ်နှင့် မဇင်မာဦးတို့အား ခေါ်ယူ စစ်ဆေးသည်။
မလှလှဌေးထံမှ မ၀င်းဝင်းမြတ် ချေးယူခဲ့သော ငွေနှစ်သိန်းအနက် တစ်သိန်းကျပ်အား လှည်းကူးမြို့မ ဈေးအတွင်း သုံး၍ကုန်သွားပြီး ကျန်ငွေ တစ်သိန်းအား လှည်းကူးမြို့နယ်၊ ပြည် တော်သာရပ်ကွက်နေ ဒေါ်အေးအေး ခိုင် (၄၆ နှစ်)ထံသို့ ဆုမဲငွေအဖြစ် ပေးအပ်ခဲ့ ကြောင်း သိရပြီး ထိုပေးခဲ့ သော ငွေစက္ကူ ၁,၀၀၀ တန် အရွက် ၁၀၀ အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ မ၀င်းဝင်းမြတ်နှင့် မဇင်မာဦးတို့အား ငွေချေးပေးခဲ့သူ မလှလှဌေး၏ နေအိမ်သို့ သက်သေများ နှင့်အတူ ၀င်ရောက် ရှာဖွေခဲ့ရာ ၎င်း၏ နေအိမ်မှ ငွေစက္ကူအတုဟု ထင်ရသော ၅,၀၀၀ တန် ၁၃၉ ရွက် (ကျပ် ၆၉၅,၀၀၀)၊ ၁,၀၀၀ တန် အသေး အရွက် ၂၀၀ (ကျပ် ၂၀၀,၀၀၀)၊ စုစု ပေါင်း ကျပ် ၈၉၅,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းငွေများမှာ မြ၀တီ နယ်စပ်ဘက်သို့ သွားရောက်အလုပ် လုပ်ကိုင်ရာမှ ပြန်လာသော ၎င်း၏ညီမ မအေးမူ (၃၅ နှစ်) လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေသူ (စုံစမ်းဆဲ) ထံမှ ချေးယူခဲ့သော ငွေများဖြစ်ကြောင်း သိရသည်။
မ၀င်းဝင်းမြတ်နှင့် ဒေါ်အေးအေးခိုင် တို့ထံမှ သိမ်းဆည်းရမိသော ငွေ တစ်သိန်း၊ မဇင်မာဦးနှင့် ၎င်း၏ဖခင် ဦးသာလှထံမှ သိမ်းဆည်းရမိသော ငွေ ၂၃၁,၀၀၀၊ မလှလှဌေးနေအိမ်မှ သိမ်း ဆည်းရမိသော ငွေ ၈၉၅,၀၀၀၊ စုစုပေါင်း ၁,၂၂၆,၀၀၀ တို့အား မြန်မာ့စီးပွားရေး ဘဏ် (လှည်းကူး)မှ ငွေကိုင်(၃) ဦးမြင့်အေးနှင့် မှုခင်းတပ်ဖွဲ့ (အင်းစိန်) မှ ရဲအုပ်တင်ဝင်းမောင်နှင့်အဖွဲ့အား ဆက်သွယ်ခေါ်ယူ စိစစ်ခဲ့ရာ ငွေစက္ကူ အတုများဖြစ်နိုင်ကြောင်း တွေ့ရှိရ သည်။
ထို့ကြောင့် ငွေစက္ကူအတု ကိုင်ဆောင် သုံးစွဲသူ မလှလှအေး၊ မအေးမူတို့အပေါ် အရေးယူပေးရန် ဒုရဲအုပ် သန့်ဇင်ဦးက တရားလိုပြုလုပ် တိုင်တန်းမှုအား လှည်းကူးရဲစခန်းက (ပ)၆၅၃/၁၁၊ ပြစ်မှု ပုဒ်မ ၄၈၉(ခ)/၄၈၉(ဂ)ဖြင့် ၁၇-၁၂-၂၀၁၁ နေ့တွင် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ် မောင်မောင်ဦး (စခမ)က တရားခံ မလှလှဌေးအား ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး တရားခံ မအေးမူအား ဖမ်းဆီးရမိ ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment


Popular Posts