'
အမိမြေ

ကျိုက်ထိုတွင် စစ်လက်ကျန်ဗုံးဟောင်းများ တွေ့ရှိ


ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာတွင် ရေတွင်းတူးရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်း တစ်လုံးကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများက ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

မုက္ခမူကျေးရွာတောင်ပိုင်းနေ ဦးဌေးနိုင်၏ နေအိမ်၌ ရေတွင်းတူးဖော်စဉ် မြေကြီးအနက် သုံး ပေအရောက် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဗုံးကြီးအား တွေ့ရှိရပြီး ကျင်းအတွင်းမှ ဆယ်တင်ကာ မြို့နယ်တာဝန်ရှိသူများထံ သတင်းပေးပို့ခဲ့ကြသည်။

သတင်းပေးပို့ချက်အရ ဗိုလ်မှူးကြီး မျိုးမြင့်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ် ဆေးကြပြီးနောက် နှစ်ရက်အကြာတွင် ကျိုက်ထိုမြို့သို့ သယ်ဆောင်သွားကြသည်။

တွေ့ရှိရသော ဗုံးဟောင်းကြီးမှာ အလျား ၄၀ လက်မ၊ လုံးပတ် ၄၂ လက်မရှိပြီး အင်္ဂလိပ်စစ် တပ်သုံးလေယာဉ်ပေါ်မှ ကြဲချသည့်ဗုံးအမျိုးအစားဖြစ်သည်။ " ဒုတိယကမ္ဘာစစ်တုန်းက ကိုယ့်နိုင်ငံက စစ်မြေ ပြင်ဖြစ်ခဲ့တော့ မဟာမိတ်စစ်သုံး ပစ္စည်းရော ဂျပန်စစ်သုံးပစ္စည်းတွေပါ အများကြီးကျန်ခဲ့တယ်။ မသုံးရသေးတဲ့ ဗုံးတွေကျန်သလို အင်္ဂလိပ်စစ်တပ်က ခုလိုလေယာဉ်ပေါ်က ကြဲချပြီး မပေါက်ကွဲသေးတဲ့ ဗုံးဟောင်းတွေလည်း တွေ့ရတတ်တယ်။ ဗုံးဟောင်းတွေက နှစ်ပေါင်း ၆၀ ကျော်ကြာပြီဆိုပေမယ့် ထုရိုက်တာမျိုးလုပ်ရင်တာ့ ပေါက်ကွဲ ပြီး လူကိုဒုက္ခပေးနိုင်ပါတယ်" ဟု မြို့နယ်တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

0 comments:

Post a Comment


Popular Posts