'
အမိမြေ

ဦးသိန်းစိန်ကို ယုံကြည်သော်လည်း အစိုးရအဖွဲ့ကို မယုံရဲသေးဟု ဒေါ်စုဆို


1558 ASSK_William_Hague1
ဘီဘီစီ သတင်းဌာနှင့် ပြုလုပ်ခဲ့သည့် Exclusive Interview တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရာမျှတ​သော ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခုအား သူမအသက်ရှင် နေထိုင်စဉ်အတွင်း တွေ့မြင့်ရမည်ဟု ယုံကြည်ကြောင်း ပြောကြား သွား ခဲ့သည်။
ဘီဘီစီ နိုင်ငံတကာသတင်းနှင့် ပြုလုပ်ခဲ့သည့် အဆိုပါ အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ​ပြောကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အဆိုပါ ရွေးကောက်ပွဲမျိုး မည်သည့်အချိန်၌ ဖြစ်ပေါ်နိုင်မည်ကို မသိသလို၊ သူမအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတိအကျ မပြောနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေါ်စုကြည်က မြန်မာအစိုးရအနေဖြင့် “နိုင်ငံရေး အကျဉ်းသား” များ မြန်မာနိုင်ငံ၌ ရှိသည်ဟု သတ်မှတ်သည်ဖြစ်စေ၊ မဖြစ်စေ အကျဉ်းကျခံ နေရသူများကို အမြန်ဆုံးလွှတ်ပေးသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည်လ အတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Ms. Hillary Clinton နှင့် တွေ့ဆုံခဲ့ပြီး ယနေ့ ညနေပိုင်းတွင်လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Mr. William Hague နှင့် တွေ့ဆုံခဲ့သည်။ သူမ ဒုတိယဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာ ဝန်ယူခဲ့သည့် NLD ပါတီသည်လည်း လာမည့် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်အားလည်း​ပြည်ထောင်စု ရွေးကောက်ပွဲ ကောင်မရှင်မှ အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။
ထို့နောက် ဘီဘီစီမှ သမ္မတဦးသိန်းစိန်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်အား မေးမြန်းခဲ့ရာ “ကျွန်မအနေနဲ့ သမ္မတဦးသိန်းစိန် ကို ယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအဖွဲ့က အဖွဲ့ဝင်အားလုံးနဲ့ မတွေ့ဆုံရသေးတဲ့အတွက် အစိုးရအဖွဲ့တစ်ခုလုံးကို အပြည့် အဝ မယုံကြည်ရဲသေးပါဘူး။” ဟု ပြောကြားသွားခဲ့သည်။
သူမက ဆက်လက်ပြီး “အရေးကြီးတဲ့ အချက်တစ်ခုကတော့ သမ္မတဟာ အရမ်းကို ရိုးသားဖြောင့်မတ်တဲ့သူ ဆိုတာပါပဲ။ သူဟာ လုပ် သင့်လုပ်ထိုက်တယ်လို့ ယုံကြည်တဲ့အရာကို ဖြစ်မြောက်အောင် ဆောင်ရွက်လိုစိတ် ရှိတဲ့သူပါ။” ဟု ပြောကြားသွားခဲ့သည်။
ထိုနည်းတူ ယခုရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၏ နိုင်ငံတော်အကြံပေးအဖွဲ့မှ အရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် မြန်မာနိုင်ငံအား အနာဂတ်တွင် အုပ်ချုပ်နိုင်စွမ်းရှိသည်ဟု ပြောကြားသွားခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရှိခဲ့ရပြီး ယင်းအချက်နှင့်ပတ်သက်ပြီး ဘီဘီစီက မေးမြန်းခဲ့ရာ ဒေါ်စုက “ဒီလိုဖြစ်ဖို့ဆိုတာ ဘယ်တော့လဲ မသိနိုင်သလို၊ ကျွန်မ ကိုယ်တိုင်လည်း လုပ်ချင်စိတ်ရှိမလား၊ လုပ်ဖြစ်ပါ့မလားကိုလည်း တပ်အပ်မပြောနိုင်ပါဘူး။” ဟု ဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး “ပြောင်းလဲမှုတွေကတော့ မျှော်လင့်ထားသလိုပဲ အရှိန်ယူပြီး ဖြစ်နေပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ဒါကို နှေးကွေးတယ်၊ မြန်ဆန်တယ်လို့ မပြောနိုင်ပါဘူး။ နှေးတော့နှေးတယ်။ ဒါပေမယ့် အရမ်း လည်း မနှေးပါဘူး။” ဟု ဆိုခဲ့သည်။
နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာ နာမည်ဆိုးရရှိခဲ့သည့် အခြေအနေ​ဖြင့် ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်ကြောင့် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ စတင်ပြု လုပ်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။ 

Ref : shwelone.com

0 comments:

Post a Comment


Popular Posts