'
အမိမြေ

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague သတင်းစာရှင်လင်းပွဲ ပြုလုပ်


1571 William_Hague_Press_Conference1
ရန်ကုန် (ဂျန်နဝါရီ ၆) - ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ၀န်ကြီး Mr. William Hague သည် ယနေ့ညနေ ၅ နာရီခွဲ အချိန် တွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ British Council ၌ ယင်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် Mr. Hague က နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ ကြားဖြတ်ရွေးကာက်ပွဲကိစ္စနှင့် နယ်စပ်​ဒေသ ငြိမ်းချမ်းရေးကိစ္စများကို မြန်မာအစိုးရနှင့် ပြောဆိုဆွေးနွေး ခဲ့ကြောင်း ပြောကြားလိုက်သည်။ 
1571 William_Hague_Press_Conference
"ယနေ့တိုင် ယုံကြည်ချက်ကြောင့် အကျဥ်းကနေသူတွေ ရှိနေပါသေးတယ်။ ဘယ်လိုဒီမိုကရေစီ နိုင်ငံမျိုးမှာမှ ဒီကိစ္စအတွက်  နေရာ မရှိပါဘူး။ အစိုးရကလည်း ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့စီစဉ်နေတာသိရလို့ အားတက်မိတယ်။ အမြန်​ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုကတော့ ဧပရယ် ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတပြီးတော့ အားလုံးပါဝင်နိုင်ဖို့ပါပဲ။ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ NLD က ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့တာကိုလည်း ကျွန်​တော်တို့ ကြိုဆိုနေသလို ကမ္ဘာကြီးကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေမှာပါ။ နောက်ဆုံးတစ်ခုကတော့ နယ်စပ်ဒေသ​တွေ အထူးသဖြင့်ကချင်ပြည်နယ်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတာတွေ၊ ထိုးစစ်တွေ အဆုံးသတ် သွားဖို့နဲ့ အဲဒီဒေသတွေကိုသွားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လွတ်လပ်အောင်ပေးဝေနိုင်ဖို့ ကုလသမဂ္ဂကို ခွင့်ပြုပေးဖို့ အရေးတကြီး လိုနေပါတယ်။ ဒါတွေကိုကျွန်တော် တိုက်တွန်းခဲ့ပါတယ်" ဟု ၀န်ကြီးက ထုတ်ဖော်ပြောကြား ခဲ့သည်။
1571 William_Hague_Press_Conference2
ယင်းက ဆက်လက်ပြီး ယင်း၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေဖြင့် ၅၆ နှစ်တာ ကာလအတွင်း ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း၊ ယင်း၏ခရီးစဉ် ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို လွှတ်ပေးခြင်း၊ သတင်းမီဒီယာနှင့်​နိုင်ငံရေးပါတီများအပေါ် ကန့်သတ်တားဆီးမှုများကို လျှော့ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့​နှင့် တွေ့ဆုံဆွေးနွေးခြင်း စသည့် သမ္မတကြီး၏ ပဏာမ ခြေလှမ်းကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

0 comments:

Post a Comment


Popular Posts