'
အမိမြေ

ကြည့်တတ် မြင်တတ်စေချင်

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ အစိုးရသက်တမ်း ၁၀ လအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ် ပေးခဲ့ပါတယ် မေလ ပထမအကြိမ်မှာ အကျဉ်းသား ၁၄၇၅၈ ဦး ၊ အောက်တိုဘာလ ဒုတိယအကြိမ်မှာ ၆၃၅၉  ဦး လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ် ၊ ခု တတိယအကြိမ်ပါ ....။ ၁၀ လသက်တမ်းမှာ ၃ ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အကျဉ်းသားဦးရေ ၂သောင်းခွဲ လောက် လွှတ်ပေးခဲ့ပြီး အဆင့်ဆင့်လွှတ်ပေးပါ့မယ်လို့လဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက အထပ်ထပ် ကတိပြုနေပေမယ့် အစိုးရအဖွဲ့ကို အပြစ်တင်သံတွေ စီစီညံနေဆဲပါဘဲ....ဖတ်ဘူးတဲ့ စာလေးတစ်ခုကိုသွားသတိရတယ် ......
 
တစ်ခါက ကျောင်းဆရာတစ်ယောက်ဟာ စာရွက်ဖြူတစ်ရွက်ပေါ်မှာ သူ့အိပ်ထဲက ဖောင်တိန်ထဲက မင်တစ်စက်ကို ချလိုက်တယ် ကျောင်းသားတွေကလည်း ဆရာဘာလုပ်တာပါလိမ့်ဆိုပြီး ဂရုတစ်စိုက်ကြည့်နေကြတာပေါ့ ...၊ ပြီးတော့မှ ဆရာက ကျောင်းသားတွေဘက်ကို ခုနမှင်စက်ချထားတဲ့ စာရွက်ကို ထောင်ပြရင် ရှေ့ဆုံးတန်းကကျောင်းသားလေးကိုမေးခွန်းထုတ်လိုက်တယ် ....
"ဒီမှာဘာကိုမြင်လဲ.." လို့မေးလိုက်တယ် ...အမေးခံရတဲ့ကျောင်းသားလေးက ဆရာဘာဆိုလို တာမှန်းမသိတော့ ခပ်ကြောင်ကြောင်လေး ဖြစ်သွားတာပေါ့ ..ဒီတော့မှဆရာလုပ်တဲ့သူက မင်စက်ချထားတဲ့ စာရွက်ရဲ့ မျက်နှာပြင်ကြီးတစ်ခုလုံးကို ၀ိုင်းပြပြီး ...

"ဒီမှာဘာအရောင်တွေမြင်လဲ တပည့်" လို့ထပ်ပြီး မေးလိုက်တယ် ဒီတော့မှ ကျောင်းသားလေးက...

"အပြာရောင်ပါဆရာ " လို့ဖြေလိုက်တယ်....။ ဒီလိုနဲ့ ဆရာဟာ ကျောင်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ဒီမေးခွန်းကိုပဲ ထပ်ထပ်ပြီးမေးတယ် ...

ကျောင်းသားတွေကလည်း " အပြာရောင်" "နက်ပြာရောင်" " မဲနယ်ရောင် " " မှင်ရောင် " အစရှိသဖြင့် အမျိုးမျိုးဖြေကြတယ် တချို့အဖြေတွေကလည်း ထပ်နေတာပေါ့ ...

အတန်းထဲက ကျောင်းသားကျောင်းသူတွေအကုန်လုံးကိုမေးပြီးတော့မှ ဆရာဟာ အတန်းရှေ့ကို ပြန်ထွက်လာပြီးတော့ 

"တပည့်တို့ ..ဆရာဟာ အတန်းထဲမှာရှိတဲ့ကျောင်းသား ကျောင်းသူတွေအကုန်လုံးကို မေးခွန်း အတူတူ မေးခဲ့တယ် တပည့်တွေကလည်း " အပြာရောင်" "နက်ပြာရောင်" " မဲနယ်ရောင် "ဆိုပြီး အမျိုးမျိုးဖြေကြတယ် တစ်ယောက်မှ နောက်ခံ အဖြူရောင်ကြီးကို မမြင်ကြဘူး ..ဒီစာရွက်ပေါ်မှာ မှင်စက်လေးက သေးသေးလေးပါ နောက်ခံအဖြူရောင်ကြီးက အကြီးကြီးပါ ...ဒါပေမယ့် တပည့်တွေအကုန်လုံး ဒီအဖြူရောင်ကြီးကို မမြင်ကြဘူး" ........။

ပြီးတော့မှ တစ်ဆက်တည်းဆိုသလို " တပည့်တို့....လောကကြီးမှာလည်း ဒီအတိုင်းပဲ မျက်စေ့ရှေ့မှာရှိနေတိုင်း မမြင်ပါဘူး ကြည့်မှ မြင်တာပါ ....  " လို့ အဓိပ္ပါယ်ပါပါ ပြောလိုက်တယ် ....။

ကြည့်တတ်မြင်တတ်သူများ ဖြစ်ကြပါစေ..........

ဒေါက်တာဆိတ်ဖွား

1 comments:

Maung Maung Kyaw Win said...

If I were one of the students, I would answer, "It is a spot that represents a handful of thugs or the military regime and the wide white space behind the spot is people who will later punish the regime and its cronies." Isn't a good answer?

Post a Comment


Popular Posts