'
အမိမြေ

အစိုးရတပ်များနှင့် KIA တိုက်ပွဲများဖြစ်ပွား၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိ

၂၀၁၂ ဇန်န၀ါရီလ ရက်နေ့တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ() တပ်ရင်း(၁၆)မှ ဗိုလ်ကြီးဇော်ဂမ် နှင့် (၇၀)ဦးတို့သည်  ယောယုံရွာ နဲ့ ()မိုင်ခန့်အကွာရှိ တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မှ သတင်းပေးပို့လာပါတယ်။

အစိုးရတပ်များနှင့်KIA တပ်များတိုက်ပွဲဖြစ်ပွားရာနေရာ
အစိုးရတပ်များနှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကေအိုင်အေ ဘက်မှ ၂ဦးကျဆုံးပြီး၊ ၄ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အစိုးရဘက်ကတော့ ထိခိုက် ဒဏ်ရာရရှိမှုကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိပြီး မိုင်ဂျာယန်ဆေးရုံတွင် တက်ရောက်နေသော တပ်ကြပ်ကြီးတစ်ဦးကတော့
          “ မနက်၁၀နာရီလောက်ကတိုက်ပွဲ စဖြစ်တာပါ။ ကျွန်တော်တို့လည်းပြန်တိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက အင်အားနည်းပြီးတော့ အကုန်လုံးက ရိက္ခာပြတ်နေလို့  စိတ်ဓာတ်ကျနေတာလေ။ သေသွားတဲ့သူတွေလည်း မနဲဘူးဗျာ   ညနေ ၄နာရီလောက်ကျတော့ ကျွန်တော်တို့ ဘယ်လိုမှ ဆက်တိုက်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ။ ဒဏ်ရာရတဲ့သူကော ၊သေတဲ့သူကောကများလာပြီလေ။ နောက်ဆုံး ဘယ်လိုမှမဖြစ်နိုင်တော့  ယောယုံ၊ မန်လင်၊ဂျေလိယန်ကနေပြီး ဒီဆေးရုံရောက်လာတာ။ ကျန်တဲ့အဖွဲ့တွေကတော့ ဌာနချုပ်ကိုပြန်သွားကြပါပြီ။ ဆေးရုံမှာ ဆေးဝါးတွေကလည်း ပြတ်နေတော့ ဒဏ်ရာကြီးကြီးမားမားရတဲ့သူတွေလောက်ပဲ ကုပေးတော့တယ်။ အသေးအဖွဲလေးတွေ လောက်ကတော့ ကိုယ့်အစီအစဉ်နဲ့ ဆေးဝါးရှာပြီးကုနေရတယ်။ မိုင်ဂျာယန်ဆေးရုံတစ်ခုတည်းတင်ကို တိုက်ပွဲမှာဒဏ်ရာ လို့ကုနေရတဲ့သူချည်းပဲ ၉၀ နီးပါးရှိနေပြီ။ လိုင်ဇာမြို့နဲ့ တစ်ခြားဆေးရုံတွေမှာလည်း ရှိသေးတယ်။ သူတို့လဲ ဆေးဝါးတွေမလောက်ဘူးပြောနေတယ်။ လို့ပြောပါတယ်။
          အစိုးရတပ်များနှင့် KIA တပ်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသော်လည်း လက်ရှိအခြေအနေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။

Ref :  ကချင်နေ့စဉ်သတင်း 

2 comments:

Unknown said...

KIA is bloody and dirty hell rebel group.They are
enemy of the State

Anonymous said...

လီးဘဲ ကေအိုင်အေမကောင်းကြောင်းနဲ့ ဒေါ်ဆုမကောင်းကြောင်းဘဲရေးနေ မင်းတို့ကို အဲလိုရေးလို့ မင်းပထွေးက ဘယ်လောက်ပေးလဲကွ မင်းတို့စစ်သားတွေဘဲ မုဒိမ်းကျင့်နေတာ လူတိုင်းသိတယ် အသံကောင်းဟစ်မနေနဲ့ ဗမာစစ်တပ်ဖျက်ဆီးတာခံရတဲ့ မိန်းကလေးတွေအများကြီးဘဲ တိုင်းရင်းသားတွေကို နှိပ်စက်နေတာမင်းတို့တပ်လေ မင်းတို့က ခွေးမျိုးနဲ့ ဖာမျိုးစပ်ပြီးမွေးလားတာလား

Post a Comment


Popular Posts