'
အမိမြေ

စင်ကာပူ ဗီဇာကို အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်




စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် လုပ်သားများကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသော အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ဖြင့် လာရောက် လျှောက်ထားမှသာ ဗီဇာပေးတော့မည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ၂၁-၁၂-၂ဝ၁၁ ရက်ကသိရသည်။ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူ အလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ ''မလေးရှားသံရုံးနဲ့ ဒ်ီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင် တယ်လို့ ပြောရမယ်။
အောက်တိုဘာလကနေ အခုအထိ မလေးရှားကို သွားရောက်သူ ၃ဝဝဝ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။  ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရ တယ်။လူက မလေးရှားရောက် သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့၊ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ် အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်'' ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကပြောကြားသည်။''စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမား မှတ်ပုံတင် စမတ်ကတ်အတွက် FEC၁ဝဝ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref : ပြည်မြန်မာ

0 comments:

Post a Comment


Popular Posts