'
အမိမြေ

အဖွဲ့အစည်း အတွက် လိုအပ်သော ငွေကြေး တောင်းခံရာတွင် အတင်း အဓမ္မ ဓားပြတိုက် သည့်ပုံစံမျိုး ဖြစ်နေကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ပြောဆို

လိုင်ဇာရှိ KIAတပ်မတော် ဗဟိုဌာနချုပ် ၀န်လီခန်းမမှာ ဇန်န၀ါရီ (၉) ရက်နေ့က ဗိုလ်ချုပ် ဂမ်ရှောင်ခေါင်းဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို ဗဟိုကော်မတီ ၀င် တွေ၊ တပ်မဟာမှူးတွေ၊ ဗဟိုဌာနချုပ်က အရာရှိတွေနဲ့ တပ်ရင်းမှူးအချို့ တက်ရောက်ခဲ့ ပါတယ်။ ဒီအစည်းအဝေးဟာKIAတပ်ဖွဲ့ အတွက်အရေးကြီးတဲ့အစည်းအဝေးဖြစ်ပါတယ်။ KIAတပ်တွေအနေနဲ့ လူထု ထောက်ခံမှုကျဆင်းနေတဲ့ အပြင် အစိုးရတပ်က ထိုးစစ်ဆင်လာခဲ့ရင် ဖောက်ထွက်ရေး အတွက် အသေးစိတ် အစီအစဉ် ရေးဆွဲခဲ့ကြ တယ်လို့ KIAက အရာရှိတစ်ဦးက ခုလိုမျိုးပြောပါတယ်။
``ဒီအစည်းအဝေးဟာ ကေအိုင်အေအတွက် အရေးကြီးပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပို့ထားပေမဲ့ ခုချိန်ထိ ပြန်ကြားချက် မရသေးကြောင်း၊ ဒါကြောင့်မို့ အစိုးရတပ်တွေက တိုက်ခိုက်လာရင် ပြန်လည်တိုက်ခိုက်နိုင်ဖို့ ကျေးရွာတွေမှာ သင်တန်းပေးထားတဲ့ အမာခံတွေနဲ့ အဆက်အသွယ် မပြတ်ဖို့၊ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဖောက်ထွက်ရေး အစီအစဉ်ကို အသုံးပြုပြီး တရုတ်နိုင်ငံဘက်ကို တိမ်းရှောင် ဖို့အမိန့်ပေးထားပါတယ်``

         
    
အဆိုပါ ကေအိုင်အေအရာရှိကပဲ ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ အကြားမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်မှန်၊ အခြေအနေမှန်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့  ပြောကြား ချက် တွေကို ခုလိုမျိုး ဆက်လက်ပြောပြပါတယ်။
``အစည်းအဝေးမှာ ဗဟိုကော်မတီဝင် တစ်ချို့နဲ့ ဒေသခံတပ်ရင်းမှူးတွေက တင်ပြချက်များ အပေါ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ပြန်လည်ရှင်းလင်း ပြောဆိုရာမှာ KIAအတွက် လိုအပ်တဲ့ ငွေကြေးအကူ အညီ တောင်းခံရာမှာ အတင်းအဓမ္မ ဓားပြတိုက်တဲ့ ပုံစံမျိုးဖြစ်နေကြောင်း၊ လိုအပ်တဲ့ ရိက္ခာ တောင်းခံရာမှာလည်း ပြည်သူတွေအနေနဲ့ စေတနာရှိလို့ ပေးတာမျိုး မဟုတ်ဘဲ ကြောက်လို့ ပေးရတဲ့ အခြေအနေ ရောက်နေကြောင်း၊ လတ်တလောမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့ အ စည်းတွေမှာ ဒီလိုမျိုး လုပ်ဆောင်တာ မရှိတော့တဲ့အတွက် KIA အနေနဲ့ မျက်နှာငယ် ဂုဏ်သိက္ခာ ကျဆင်းနေရကြောင်း၊ လက်အေက်တပ်ဖွဲ့တွေ အနေနဲ့လဲ ဗဟိုက သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံနေတယ်လို့ သိရကြောင်း၊ ဒါကြောင့်မို့ ပြည်သူတွေ နားလည်အောင် အားလုံး က ပြန်လည် ရှင်းပြရန် မိမိတို့လုပ်ဆောင်နေ တဲ့ တော်လှန်ရေး ကြီး  အောင်မြင် တာနဲ့ ပြည်သူ လူထု ကို ကျေးဇူးပြန်ဆပ်မှာ ဖြစ်ကြောင်း၊ လက်ရှိငွေကောက် ခံတာလဲ ငွေေ ချးတဲ့ သဘောမျိုး အကူ အညီ တောင်းခံတာဖြစ်ကြောင်းကို ပြည်သူလူထုနဲ့ လုပ်ငန်းရှင်တွေ သိရှိနားလည် သဘောပေါက်သည် အထိ ရှင်းပြခိုင်းကြရန် ပြောကြားခဲ့ပါတယ်``
လိုင်ဇာမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ စစ်တိုက်လိုတဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချင်တဲ့ အဖွဲ့နှစ်ဖွဲ့ကြားမှာ ကေအိုင်အေ ဗဟိုကော်မတီအနေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ KIO ခေါင်းဆောင်ပိုင်းက ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမဲ့ အပေါ် KIA တပ်ပိုင်းဆိုင်ရာက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။
Ref : ကချင်နေ့စဉ်သတင်း

2 comments:

Anonymous said...

Sauk yuuuu kachin daily new

Anonymous said...

ဓါးမြက ဓါးမြပေါ့ကွာ....ဘာငွေချေးတာလဲ။

Post a Comment


Popular Posts