'
အမိမြေ

KNU တရားဝင် ပါတီ တည်ထောင်ဖွယ်ရှိ

 

ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လောလောဆယ် အရမူ ပါတီထောင်ရန် အစီအစဉ် မရှိသေးသော်လည်း နောက်ထပ်ခြေတစ်လှမ်း အဖြစ်မူ လှမ်းဖွယ် ရှိကြောင်း သိရသည်။
ကရင် အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အတွင်းရေးမှူး ပဒို စောဒေး ဗစ်တော က ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
”လောလောဆယ်တော့ ပါတီထောင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ တစ်ဖက်ကတော့ ကမ်းလှမ်းတာ ရှိပါတယ်။ အခုခေတ်က ပါလီမန်တက် မှဖြစ်တော့မယ့် ခေတ် ကို ရောက်နေပြီလေ။ ပါလီမန်ထဲကို မရောက်ဘဲနဲ့ အပြင်ကနေ ပြောချင်ရာ ပြောနေရင်တော့ ဘယ်သူကမှလည်း နားထောင်မှာ မဟုတ်ဘူးလေ”ဟု ပဒိုစောဒေး ဗစ်တော က ပြောကြားပါသည်။
ထို့အပြင် KNU အား တရားဝင် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပြီးပါက ခြေလှမ်းထပ် လှမ်းစရာတွေ ရှိကြောင်းကိုလည်း ပဒို စောဒေးဗစ်တော က ပြော ပါ သေးသည်။
”ခု ကျွန်တော်တို့မှာ ပြောရမယ့်ဟာတွေ အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ကို မတရား သင်းကြေညာ ထားတာကို ပယ်ဖျက် ပေးဖို့ ဆိုတာမျိုးပေါ့။ အဲဒီဟာကို ရုပ် သိမ်းပေးပြီး မှပဲ ကျွန်တော်တို့က နောက်တစ်ဆင့်ကို လှမ်းရမယ်။ ဒီနာမည်နဲ့ပဲ သွားမလား၊ ဒါမှမဟုတ် ဘယ်နာမည်နဲ့ သွားမလဲ ဆိုတာတွေ ဆွေးနွေး စဉ်းစားကြရမယ်။ ၂ဝ၁၅ ကို ရည်ရွယ်ရင် ကျွန်တော်တို့က ခုကတည်းက ပြင်ဆင် ဆုံးဖြတ်ကြရမယ်။  ဘယ်လို ပစ်လဲခတ်လဲ ဆိုတာကိုပဲ ကျွန်တော်တို့ educate လုပ်ထား တာ ကိုး။ နိုင်ငံရေး ပါတီ ဘယ်လို ထောင်မလဲ၊ နိုင်ငံရေး ဆိုင်ရာ စည်းရုံး လှုံ့ဆော်မှုတွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပညာတွေ ကျွန်တော်တို့ ဆီမှာ မရှိဘူး။ အဲဒီဟာတွေ ကို လဲ လေ့လာကြ ရဦးမယ်”ဟု သူက ပြောခြင်း ဖြစ်သည်။
ပဒို စောဒေးဗစ်တောသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်က အသက်အငယ်ဆုံး မြို့ နယ်ကောင်စီဝင် ဖြစ်ခဲ့ပြီး နိုင်ငံရေး နှင့် ပတ်သက်သည့် အတွေ့အကြုံ များလည်း ရှိကြောင်း သိရသည်။
”နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန် တော့်မှာ ယုံကြည် စိတ်ချမှု ရှိပါတယ်။ ကျွန်တော် ပြည်တွင်းမှာ နေခဲ့တုန်း ကလည်း နိုင်ငံရေး လှုပ်ရှားခဲ့ဖူးတယ်။ ကျွန်တော် ပထမ အကြိမ် လမ်းစဉ် ပါတီခေတ်ပေါ့ ရွေးကောက်ပွဲမှာ ကျွန်တော် ပါတီဝင် မဟုတ်ဘူး။ လမ်းစဉ်ပါတီဝင် မဟုတ်ဘူး။ ဒါပေမဲ့ ပါတီဝင်တွေနဲ့ ကျွန်တော် ယှဉ် ပြီးတော့ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးတယ်။ မဲလည်းနိုင်ခဲ့ ဖူးတယ်။ ကျွန်တော် အင်းစိန်မြို့နယ်ကပါ။ အဲဒီခေတ်က မြန်မာနိုင်ငံမှာ အသက် အငယ်ဆုံး မြို့နယ်ကောင်စီဝင် ဆိုတဲ့ မှတ်တမ်း လက်မှတ်တောင် ရှိတယ်။ ခုတော့ ပျောက်သွားပြီပေါ့။ ဒုတိယ အကြိမ် ၁၉၇၉ ရွေးကောက်ပွဲမှာ ကျတော့ ပါတီ မဝင်ရင် ဝင်အရွေးခံလို့ မရတော့ဘူး” ဟုလည်း ပဒို စောဒေးဗစ်တောက သူ၏ အတွေ့ အကြုံ အချို့ကို ပြောပြပါသေးသည်။
ပဒို စောဒေးဗစ်တောသည် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ တရား စီရင်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး ကရင် အမျိုးသား အစည်း အရုံး(KNU) ဗဟိုကော်မတီ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူထား သူဖြစ်သည်။

Ref : Popularmyanmar.com

0 comments:

Post a Comment


Popular Posts