'
အမိမြေ

NLD ရဲ့ခေတ်သစ်မဲဆွယ်နည်း

မကြာမီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်လို့ ပါတီတွေအနေနဲ့ မဲဆွယ်တာတွေ ဘာတွေ လုပ်ကြမှာပါ။ ဒါမှလည်း လစ်လပ်နေတဲ့မဲဆန္ဒနယ်တွေမှာ မိမိတို့ပါတီ မဲပေးခံရမှာမဟုတ်လား။ မဲဆွယ်တဲ့ အထဲမှာမှ NLD ပါတီရဲ့ မဲဆွယ်ပုံကတော့ မြင်ရတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် အင်မတန်နှလုံးနာ စရာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ ပုံစံ တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။

အရင်က အိမ်တွေ ဆိုင်တွေမှာ ကပ်ထားတဲ့ စာလေးတစ်ခုကသတိရကြမှာပါ။ အဲဒါကတော့ မြတ်စွာဘုရား ပုံတော်လေးနဲ့ ဤအိမ်သည် ဒါမှမဟုတ် ဤဆိုင်သည် ဗုဒ္ဓဘုရားရှင်၏ မေတ္တာရိပ်အောက် တွင် တည်ရှိပါသောကြောင့် လာရောက်ကြသူအားလုံး အေးငြိမ်းချမ်းသာကြပါစေ ဆိုတဲ့ စာလေးပဲဖြစ်ပါတယ်။ အဲတာကို အတုယူပြီး လုပ်တာပဲလားတော့မသိပါဘူး။ အောက်ကပုံကိုကြည့်ပါ။ လုံးဝဖြစ်သင့်သလား မဖြစ်သင့်ဘူးလားဆိုတာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် စဉ်းစားတတ်ပါလိမ့်မယ်။ 

NLD ရဲ့ ခေတ်သစ်မဲဆွယ်နည်း 


အဲပုံကို အိမ်မှာ ကပ်ရင် အနှောင့်အယှက်ကင်းပြီး ဘ၀မှာလုံခြုံမှုရှိမယ်။ NLD ပါတီကိုမဲထည့်ကြပါဆိုပြီး နှိုးဆော်ထားပါသေးတယ်။ အရင်တခါကလည်း ဒေါ်စုထမီစ ခေါင်းပတ်ရင် မီးကွင်းတယ် ကျည်မကူးဘူး ဆိုပြီး ရူးကြောင်မူးကြောင် သီချင်းတွေကြောင့် NLD ဟာ ပြည်သူလူထုရဲ့ မျက်မုန်းကျိုး အမြင်မကြည်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် NLD ရဲ့ထီးတော်တင်ပွဲ ဆိုပြီး ထီးတော်တင်ဆိုတဲ့ စာသားကိုလည်း မခိုင်းနှိုင်းသင့်တဲ့ နေရာမှာ ခိုင်းနှိုင်းပြီး သုံးခဲ့လို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရပြီးပါပြီ။ အဲတာတွေဟာ ဒေါ်စုကိုယ်တိုင်လုပ်ခဲ့တာ မဟုတ်ပေမယ့် NLD အဖွဲ့ကိုထောက်ခံတဲ့ သူတွေ အဖွဲ့ဝင်တွေ လုပ်ခဲ့တာကိုလည်း ဒေါ်စုတစ်ယောက်ကျေနပ်ပြီး ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာ မစဉ်းစားဘဲ ကျေနပ်လက်ခံနေခဲ့တာပါ။ ယခုလို ဗုဒ္ဓဘာသာကိုစော်ကားပြီး မဲဆွယ်တဲ့ပုံထွက်လာတော့လည်း ဒေါ်စုတစ်ယောက် မလုပ်ပါနဲ့လို့ တားမြစ်ခြင်းမရှိ၊ ကျေနပ်စွာနဲ့ပဲ မသိချင်ယောင်ဆောင်နေတာ  အံ့သြစရာတစ်ခုပါ။  မဲဆွယ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိတဲ့ အနက် ဒီလိုဗုဒ္ဓဘာသာကို စော်ကားသလို ဖြစ်တဲ့ ပုံနဲ့ မဲဆွယ်ဖို့ လုပ်ဆောင်နေမှုကိုလည်း ပြည်သူအများ ဆင်ခြင်ရှုံ့ချနိုင်ရန် ရွှေမြန်မာမှ တိုက်တွန်းတင်ပြလိုက်ရပါတယ်။

ရွှေမြန်မာမှကူးယူဖော်ပြသည်။

0 comments:

Post a Comment


Popular Posts