'
အမိမြေ

ကယ်ဆယ်ရေး ရန်ပုံငွေကို အီးယူ သဘောတူပြီ


ဥရောပတိုက်ရှိ နိုင်ငံများမှ ခေါင်းဆောင် များမှာ လွန်ခဲ့သည့် တနင်္လာနေ့က ယူရိုဇုံ နိုင်ငံများ အကြား ကြွေးမြီ အကြပ် အတည်း ဖြစ်နေသည့် နိုင်ငံများကို အမြဲတစေ ကူညီနိုင်မည့် ကယ်ဆယ်ရေး ရန်ပုံငွေ တစ်ခုကို ထူထောင်ရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ယခုလို သဘော တူညီမှုကို ဥရောပ သမ္မဂ္ဂဝင် နိုင်ငံ များအကြား ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့် တညီတညွတ်တည်း သဘော တူညီလိုက်ခြင်း ဖြစ်သည်။

ယခု ဆုံးဖြတ်ချက်တွင် ၂၅ နိုင်ငံမှ ခေါင်းဆောင် များမှ အတည်ပြုချက် ပေးနိုင်ခဲ့ သော်လည်း ဗြိတိန်နိုင်ငံမှာ ယခင် ကဲ့သို့ပင် ငြင်းဆန် လိုက်ကြောင်းလည်း သိရသည်။ သို့ရာတွင် အချို့သော သဘော တူညီချက်များကိုမူ ဆက်လက် ညှိနှိုင်း ရဦးမည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို ဆုံးဖြတ်ချက် ပေါ်ပေါက် လာရခြင်းမှာ ဂရိနိုင်ငံတွင် ဖြစ်ပေါ် နေသည့် ကြွေးပြဿနာကြောင့် ပင်ဖြစ်ပြီး  ဂရိတို့ အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ အတွင်း ညှိနှိုင်းမှုများ မပြေလည် သေးဘဲ နိုင်ငံမှာလည်း ကြွေးမြီများ ပြန်ဆပ်ရန် အရေးမှ ပျက်ကွက် တော့မည် အနေအထားသို့ ရောက်နေ ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Ref : MRTV-4

0 comments:

Post a Comment


Popular Posts