'
အမိမြေ

မြိတ်မြို့ NLD ပါတီရုံးရှေ့တွင် မီးရှို့ဆန္ဒပြ

ကဲ..ခေါင်းစဉ်ကြည့်ပြီးလန့်သွားသလား..မလန့်ပါနဲ့ 
မြန်မာအစိုးရကို သာမက မြန်မာ့အရေးမှာ ကန့်လန့်တွေ ပေါ်ပြူလာတွေ အားလုံး
အဲလောက် ဇ မရှိကြပါဘူးဗျာ...ဖြစ်စဉ်က ဒီလို..။

မြိတ်မြို့ အထက်မြစ်ငယ်ရပ် စကားဝါလမ်းတွင် ဖွင့်လှစ်ထားသော မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ၂၀၁၂ဇန်န၀ါရီလ ၂၃ ရက်နေ့ ည (၁၂) နာရီချိန်ခန့်တွင် အမည်မသိလူငယ် (၁၀) ဦးခန့်သည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၎င်းတို့ ၀တ်ဆင်ထားသော ဒေါ်စု ဓာတ်ပုံပါ တီရှပ်အင်္ကျီများ၊ ခွပ်ဒေါင်းတံဆိပ်ပါ တီရှပ်အင်္ကျီများအား ချွတ်ပြီး စုပုံမီးရှို့ ဆန္ဒပြကြသည်။ 
(၄င်းတို့ဝတ်ဆင်ထားသော==လို့ဆိုကတည်းက စဉ်းစားကြည့်ကြနော်..ဘယ်သူတွေဖြစ်မလဲလို့ )
 
 
ဆန္ဒပြခြင်း အကြောင်းရင်းအား မသိရှိရသော်လည်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် အစ္စလာမ် ဘာသာဝင်များကသာ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နေရာများရယူထားပြီး၎င်းတို့ ဘာသာဝင်များကိုသာ ပွဲထုတ်နေသဖြင့် မကျေနပ်သည့်ဗုဒ္ဓဘာသာပါတီဝင်များက အင်္ကျီများ စုပုံ မီးရှို့ ဆန္ဒပြခြင်းဖြစ်နိုင်ကြောင်းဝေဖန်နေကြသည်။
 
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်
 
(၁) ဦးစိုးလွင် ဦးဆောင်သော အစ္စလာမ် ဘာသာဝင် အုပ်စု၊
(၂) အတွင်းရေးမှူး ဦးဆန်းဝင်း ဦးဆောင်သော ဗုဒ္ဓဘာသာ အုပ်စု
(၃ )ဒေါ်တင်တင်ရီ (လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လျာထားသူ ) ဦးဆောင်သော ခရစ်ယာန် အုပ်စု 
(၄) ဦးနိုင်ဦး ဦးဆောင်သော လူငယ်အုပ်စု
(၅) ဦးသန်းထွန်း (ယခင်ဥက္ကဟောင်း) ဦးဆောင်သော ကွန်မြူနစ် အုပ်စု 
(၆) ဦးကျော်ခိုင် ဦးဆောင်သော စီးပွားရေးသမား အုပ်စု
 
     စသည်ဖြင့် အုပ်စုဖွဲ့လျက် နေရာလု နေကြကြောင်း သိရပါသည်...
 
အမလေးလေ..လို့ အော်ချင်ရဲ့..မြိတ်မြို့နယ် ဒီမြို့လေးမှာရှိတဲ့ အဖွဲ့ လေးမှာ ကွဲနေတဲ့အုပ်စုက ၆ စုကြီးများတောင်ပါလားဗျာ...။
ရှို့ တဲံ့သူကောင်းလေးများကလည်း ရှို့ မဲ့ရှို့  တိဘက်ကလို တကိုယ်လုံးမီးရှို့ ပါလား
အဲဒါမှ ပိုထိရောက်မှပေါ့...
အရင်တခါကလည်း ထိုင်းမှ သွေးနဲ့ပက်တယ်ဆိုတာ အားကျလို့ သဘောင်္ဆေးနီနီတွေနဲ့
ပက်ပြီးပြီ.ဟဲဟဲ...သနားစရာလေးတွေပါလားးပွန်းရုပ်လေးတွေရယ်
ကဲ..မြန်မာပြည်သူတွေ စဉ်းစားချင့်ချိန်တော်မူကုန်ကြပါသော်..။
ကျွန်တော်တို့  လက်သုံးစကားနဲံ့ထပ်ပြောရရင်တော့ ဒီမိုး ဒီလေ ဒီလှေ ဒီလူတွေနဲ့
ကတော့ အမယ်မင်း...မထဆင်ထူးငသတ် မထင် ပါကြောင်း........။

                                                                  မောင်မောင်ဒိန်
Ref : http://mgkyautkhae.blogspot.com/

0 comments:

Post a Comment


Popular Posts