'
အမိမြေ

ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ အစိုးရ ထောက်ပံ့မည်


ပညာထူးချွန်သောကျောင်းသား များနှင့် ပညာသင်ယူရန် အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများကို လာမည့်
ပညာသင်နှစ်တွင် စတင်ပေးအပ် သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ပြော သည်။
ပညာသင်ဆုအတွက် အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း    တက်ရောက်နေသော ကျောင်းသားများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး ပညာသင် ထောက်ပံ့ ကြေးအား နွမ်းပါးသော ကျောင်းသားများ အတွက်  ရွေးချယ် ပေးအပ် သွားမည် ဖြစ်သည်။ ပညာသင်ဆု ရွေးချယ်မည့် စာမေးပွဲများကို ဧပြီလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတတို့ကို တစ်နာရီကြာစီ ဖြေဆိုရမည်ဖြစ်သည်။
“သက်ဆိုင်ရာကျောင်းတွေ ကတစ်ဆင့်လျှောက်ရမယ်။ပညာတော်သင်ဆုက  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်ရမှာပေါ့။ ပညာသင်ထောက်ပံ့ကြေးက နွမ်း ပါးတဲ့သူတွေအတွက် ပေးမှာပါ။ တစ်မြို့နယ်ကို   နှစ်ဦး၊   သုံးဦး လောက်ပဲပေးမယ်”ဟု  အဆိုပါ ပုဂိုလ်ကပြောသည်။ ပညာသင်ဆုအနေဖြင့်အလယ်တန်းကျောင်း သားများအ တွက် ကျပ်တစ်သောင်း၊ အထက် တန်းကျောင်းသားများအတွက် ကျပ်တစ်သောင်းခွဲနှင့် ပညာ သင်ထောက်ပံ့ကြေးအနေဖြင့် မူလတန်းအတွက် ကျပ်၅၀၀၀၊ အလယ်တန်းအတွက် ကျပ်၆၀၀၀၊ အထက်တန်း အတွက် ကျပ်၈၀၀၀ လစဉ်ပေးအပ်သွားရန်လျာထား ပြီးဖြစ်ကြောင်းသိရသည်။
အခြေခံပညာသင်ယူနေ သော ကျောင်းသားများအတွက် ပညာသင်ဆုနှင့်  ပညာသင် ထောက်ပံ့ကြေးအစီအစဉ်ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း  ၄၁၀၀၀ကျော်မှ   ကျောင်းသားများပါဝင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် ကျောင်းသားအရေအတွက်ကို မသိရှိရသေးပေ။
 
Ref :  7 Days News

0 comments:

Post a Comment


Popular Posts