'
အမိမြေ

ကျောက်မီးသွေး လျှပ်စစ်စက်ရုံစီမံကိန်းအား ရပ်ဆိုင်း

ကျောက်မီးသွေး လျှပ်စစ်စက်ရုံစီမံကိန်းအား ရပ်ဆိုင်း
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားသော မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

 ထိုစီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့်အပြင်  ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို  မီဒီယာများက ထောက်ပြဝိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အရေးပေါ်လိုအပ်သော မဂ္ဂါဝပ် ၄၀၀ ရရှိရန် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်း ခွင့်ပြု၊ မပြုကိုမူ စဉ်းစားနေဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

Credit: 7Day News Journal

0 comments:

Post a Comment


Popular Posts