'
အမိမြေ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)မှ ဗိုလ်ချုပ်ဂွမ်မော် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ပြောဆိုမှုများပြုလုပ်နေ


       
          ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပြည်နယ်ဒေသခံများ၏ လူနေမှုဘ၀ ဆင်းရဲဒုက္ခများကြောင့်
ပြည်သူတစ်ရပ်လုံးမှ ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်တောင့်တလျှက်ရှိပါသည်။ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များ ပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးနေချိန်တွင် ကချင်ပြည်နယ်အားကိုယ်စားပြုသော KIA    အဖွဲ့အတွက် ငြိမ်းချမ်းရေးလုပ်ဆောင်ရန် အခွင့်အခါကောင်းပင်ဖြစ်ပါသည်။(KIA)မှ ဒုတိယစစ်ဦးစီးချုပ် အဆင့်ရှိ S ဂွမ်မော်သည် ငြိမ်းချမ်းရေးလုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့တွင် နေထိုင်ေ သာ    NLD-LA (မြောက်ပိုင်း) တာဝန်ခံ ဦးအောင်ကျော်ဇောနှင့် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ပြောဆိုခဲ့ပါသည်။
          KIA ဒုတိယစစ်ဦးချုပ် S ဂွမ်မော် မှ “ KIA အဖွဲ့များအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက်ပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထား ရှိခဲ့ကြောင်းနှင့် KIO အုပ်ချုပ်ရေးနယ်မြေအတွင်းရှိသော လိုင်ဇာမြို့နှင့် အခြားနေရာဒေသများရှိ ကချင်လူမျိုးစုများထံမှ ငြိမ်းချမ်းရေးအား ထောက်ခံ/မထောက်ခံ ဆန္ဒဖော် ထုတ်တောင်းခံခဲ့ရာ ကန့်ကွက်ရန်မရှိကြောင်း သဘောတူညီမှုရရှိခဲ့သဖြင့် မြန်မာအစိုးရနှင့်လက်တွဲကာ စစ်မှန်သော      ငြိမ်ချမ်းရေးရရှိရန် နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှု အား ဖေဖော်ဝါရီလအတွင်းပြုလုပ် သွားမည်” ဟုပြောဆိုခဲ့ပါသည်။ ထို့အပြင် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် S ဂွမ်မော်အနေဖြင့် ကချင်ပြည်သူ လူထု၏ အကျိုးစီးပွားကိုအလေးထားပြီး နောက်တစ်ကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် (၂)ဖက်စလုံး အောင်မြင်မှုရရှိရန်  ဆောင်ရွက်သွားမည်ကိုယုံကြည်ပါကြောင်း၊ ကချင်ပြည်သူလူထုမှ လိုလားလျှက် ရှိသော ငြိမ်းချမ်းရေသည် မကြာမီအကောင်ထည်ပေါ်လာမည်ဖြစ်ကြောင်းကို  ကျယ်ဂေါင်မြို့ရှိ (NLD-LA) ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။

ကချင်နေ့စဉ်သတင်းမှ ကူးယူဖော်ပြသည် ။

0 comments:

Post a Comment


Popular Posts