'
အမိမြေ

အမျိုးဖျက်နိုင်သည့် လက်နက်အသစ်အဆန်းများ အတွက် စစ်ရေး ဥပဒေ သစ်များ လိုအပ်လာမည်



အာဖဂန် နေတိုးတပ်ဖွဲ့ဝင်အကြီးအကဲ အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးရပ်စ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဒရုန်း မောင်းသူမဲ့ ဖောက်ခွဲတိုက်ခိုက် ရေးလေယာဉ်များနှင့် ပစ်မှတ်ကို ဂြိုဟ်တု မှပုံရိပ်များနှင့် ထိန်းကြောင်း ပစ်ခတ် သည့် လက်နက်စသည့် လက်နက်သိုက် အသစ်များက စစ်ဆင်ရေး၏သဘာဝ ကို ပြောင်းလဲစေ ခဲ့ပြီဖြစ်သည်။ အမေရိကန်နှင့် နေတိုးမဟာမိတ်တို့သည် ယင်းလက်နက် မျိုးများကို ပိုင်ဆိုင်သူ များဖြစ်ကြသည်။ သို့သော် တိုင်းပြည် ငယ်များက လည်း ယင်းလက်နက်မျိုး များကိုပိုင်ဆိုင်လိုကြပေသည်။ အောက် တွင် ယင်းလက်နက်များနှင့်သက်ဆိုင် သော နည်းပညာများ နိုင်ငံငယ်အချို့ သို့ ပြောင်းရွှေ့ရောက်ရှိပုံနည်းလမ်း များ၏ အတွင်းပိုင်း လျှပ်တစ်ပြက် အမြင်ကိုဖော်ပြလိုက်ပါသည်။
ပြီးခဲ့သည့်တစ်နှစ်အကြာက ဆော်ဒီ အာရေဗျနိုင်ငံသည် ဟောက်သီသူ ပုန် များနှင့် အထိနာ သော စစ်ပွဲကို ယီမင် နှင့် နယ်နိမိတ် ဒေသ တစ် လျှောက်တွင်ဆင်နွှဲလျက်ရှိသည်။ဆော်ဒီတို့သည် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာ လ ၅ ရက်နေ့တွင် ဟောက်သီပစ်မှတ်များကိုစတင်၍ဗုံးကြဲတိုက်ခိုက်ရာ လေကြောင်းတိုက် ခိုက်မှုများသည် တိကျခြင်းမရှိသဖြင့် အရပ်သားများ ထိခိုက်သေကျေမှုသတင်း များ ထွက်ပေါ်လာလေသည်။
ထို့ကြောင့် ဆော်ဒီတို့အနေဖြင့် အမေရိကန်သို့ ၎င်းတို့၏ ထောက်လှမ်း ရေးဂြိုဟ်တုများမှပေးပို့သည့် ရန်သူနယ် မြေပုံရိပ်များရရှိနိုင် ရန် အမေရိကန်တို့ အကူအညီကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် ယင်းသို့ အကူအညီပေးမည့် ကိစ္စကို နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့် တခြားပုဂ္ဂိုလ်များကဆန့်ကျင်ခဲ့ကြသည်။ ၎င်းတို့ကဆော်ဒီတို့၏နယ်စပ်စစ်ပွဲကိုဂြိုဟ်တုမှပေးပို့သည့် ဟောက်သီသူပုန်တို့၏ စစ်ရေး နယ်မြေ ပုံရိပ်ဆိုင်ရာ သတင်းအချက်အလက်များ ၀င်ရောက်စွက်ဖက်ရုံဖြင့်ပင် စစ်ရေးဆိုင်ရာဥပဒေစည်းမျဉ်းများအားချိုးဖောက်ရာ ကျ နိုင်ကြောင်း သတိပေးခဲ့ကြသည်။
ထိုအခါ ဆော်ဒီတို့အနေဖြင့် ၎င်းတို့ ၏ ထောက်လှမ်းရေးဂြိုဟ်တုများလွှတ် တင်ထားသော ပြင်သစ်နိုင်ငံဘက်သို့ လှည့်၍ အကူအညီ တောင်းရာ ဆော်ဒီ ၏ ဗုံးကြဲတိုက်ခိုက်မှုများက ယီမင် အရပ်သားအများအပြား သေကျေဒဏ် ရာရရှိစေခဲ့ခြင်းအတွက် စိတ်သောက ရောက်နေသော ပြင်သစ်နိုင်ငံကကူညီ ရန် သဘောတူလိုက်သည်။ လိုအပ် သော အသေးစိတ် အစီအစဉ်များ လုပ်ဆောင်ပြီးစီးသွားခဲ့ လေသည်။
ဆော်ဒီအရာရှိတစ်ဦးက ပြင်သစ် သမ္မတဆာကိုဇီပထမဆုံးအကြိမ်အလည်အပတ်ရောက်ရှိသည့် နိုဝင်ဘာ ၁၇ ရက်နေ့ညတွင် ယီမင် နိုင်ငံနယ်စပ်ဒေသ၏ အသေးစိတ်ပုံရိပ်သည်ဆော်ဒီနိုင်ငံသို့ အီလက်ထရွန်းနစ်နည်း လမ်းအရရောက်ရှိလာခဲ့ကြောင်း အမှတ်တရပြန် ပြောင်းပြောပြသည်။
အဆိုပါ တိကျသောဂြိုဟ်တုထောက်လှမ်းရေးပုံရိပ်များအရ ဆော်ဒီတို့အနေဖြင့်ဟောက်သီသူပုန်တို့၏ ဗုံးခိုလိုဏ်ဂူများ၊ စစ်လက်နက် စက်ရုံများနှင့် သင်တန်းစခန်းများကိုတိကျစွာ ပုံဖော်ကြည့်ရှုနိုင်ခဲ့ကြသည်။ ထို့နောက်တွင်မူ ဆော်ဒီစစ်လေယာဉ်များသည် ထိရောက် သော လေကြောင်းမှ ချေမှုန်း တိုက်ခိုက် မှုများလုပ်ဆောင်သွားနိုင်ခဲ့ သည်။ ထို့နောက် သီတင်းပတ်အနည်း ငယ်အတွင်း ဟောက်သီ သူပုန်တို့က အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် တောင်း ခံမှုပြုခဲ့ကြပြီး ဖေဖော်ဝါရီလတွင်မူ ဤ နယ်စပ် စစ်ပွဲကဏ္ဍနိဂုံးချုပ်ခဲ့ပေသည်။
ဆော်ဒီတို့အတွက်မူ ယင်းသည် အရေးပါသော စစ်ရေးအောင်မြင်မှု ဖြစ်သည်။ ဆော်ဒီအရာရှိတစ်ဦးက "ပြင်သစ်နိုင်ငံဟာ အထူးတ လည်ကူညီပံ့ပိုးဖော်ရပါတယ်။ဟု သူတို့ရဲ့ကူညီပံ့ပိုးမှုဟာ ဟောက်သီတွေကို လက်နက် ချစေခဲ့တဲ့ အဓိက သော့ချက်ဖြစ်ပါ တယ်"ဟု ပြောကြားသည်။
သို့သော် ဆော်ဒီအရေးအခင်းသည် ပြီးခဲ့သည့်ဆယ်စုခေတ်အတွင်း အီရတ်၊ အာဖဂန်နှင့် ပါကစ္စတန်လူမျိုးစုဒေသ များတွင် အစွမ်းပြ ခဲ့သည့် စစ်ရေးနည်းပညာများ လွှဲပြောင်းပေးမှုဆိုင်ရာ နှင့်ပတ်သက်ပြီး ပိုမိုကြီးမားသည့် မေးခွန်းများထွက်ပေါ်လာသည်။ ယင်း နည်း ပညာမြင့်မားသည့်လက်နက်များအနေဖြင့်'ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်' အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း တွေ့ရှိ ရပြီး ၎င်းတို့သည် ရန်သူ တစ်စုံ တစ်ယောက်အားလေထုအတွင်းအမြင့် ပေပေါင်း၁၀,၀၀၀ မှ၂၀,၀၀၀ ရှိဘေး ရန်ကင်းရာ ဒေသမှနေ၍ ဖျက်ဆီး သုတ်သင်နိုင် စွမ်းကိုပိုင်ဆိုင်ထားကြောင်း တွေ့ရှိရသည်။ နောင်တွင် ၎င်းတို့အနေဖြင့်အဆိုပါ စနစ်မျိုးအတွက် အနောက်တိုင်း ကုမ္ပဏီများမှတင်ဒါ တင်သွင်းရန် ဖိတ်ခေါ်မည်မှာ မလွဲမသွေဖြစ်ပါသည်။
ရီယတ်က ဝေးလံခေါင်သီသောဒေသ များရှိ ရန်သူ ပစ်မှတ်များကို ရှာဖွေ တိုက်ခိုက် နိုင်စွမ်းရှိသည့် ဒရုန်းမောင်းသူ မဲ့လေယာဉ် များ ကိုလည်း ပိုင်ဆိုင်လိုမှုများလာပေမည်။ အမေရိကန်တို့အနေဖြင့် အဆိုပါဧကရာဇ်နိုင်ငံသို့ ပရီဒေတာ ဒရုန်း လေယာဉ်မျိုးဆက် တစ်ခု ကို လက်နက်ရောင်းချရေးစာရင်း တွင်းသို့ သွတ်သွင်း သင့်မသင့် ချိန်ဆ လျက်ရှိကြောင်း သိရပေသည်။
Ref : မြန်မာ့တိုင်းမ်

0 comments:

Post a Comment


Popular Posts