'
အမိမြေ

အီးယူက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို စတင်ဖြေလျော့

အီးယူက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို စတင်ဖြေလျော့
ဥရောပ သမဂ္ဂ(အီးယူ)က  မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှုများကို ပထမအဆင့် ဖြေလျော့သည့် အနေနှင့် သမ္မတအပါအဝင် အစိုးရ ထိပ်ပိုင်း အရာရှိများကို ဗီဇာပိတ်ပင် တားမြစ်ခြင်းကို ဖယ်ရှား ပေးလိုက်ကြောင်း ယနေ့ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးလိုက်ခြင်းကို ကြိုဆို တုံ့ပြန်လိုက်သည့် အနေနှင့် ယခုကဲ့သို့ အရေးယူ ပိတ်ဆို့မှုများကို စတင်ဖြေ လျော့လိုက်ခြင်း ဖြစ်ကြောင်း အီးယူနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော နိုင်ငံရေး ပြုပြင် ပြောင်လဲမှုများ ကို ရှေ့ဆက် မြင်တွေ့ရပါက ပိတ်ဆို့ အရေး ယူမှုများကို ဆက်လက် သုံးသပ် ဖြေလျော့ သွားမည်ဟု ထိုအစည်းအဝေးမှာပင် ပြောကြားခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ရေးသားဖော်ပြကြသည်။

Credit: 7Day News Journal

0 comments:

Post a Comment


Popular Posts