'
အမိမြေ

မစ္စတာပူတင်တဲ့လား

Photo
မစ္စတာဗလာဒီမာပူတင် ကရင်မ လင်နန်းတော် ပြန်လာမယ်ဆိုတဲ့ သတင်းကို ရုရှားနိုင်ငံက လုံးဝဥ ဿုံငြိမ်သက်စွာနဲ့ ခံယူခဲ့ပါတယ်။ ထူးမခြားနားသဘောထားပင် ရှိခဲ့ တယ်လို့ သံသယပွားသူတွေက ဆိုချင်ဆိုကြပါလိမ့်မယ်။ သမ္မတ ရွေးကောက်ပွဲတွေကို လာမယ့် မတ်လမှာမှ ကျင်းပမှာဖြစ်ပေမယ့် လည်း ရွေးကောက်ပွဲပြီးသွားပြီလို့ ဆိုရပါမယ်။ ပြုံးပြုံးပျော်ပျော်နဲ့ပဲ သမ္မတဒီမီထရီမက်ဗီဒက်က သရဖူကို ၀န်ကြီးချုပ်ပူတင်ကို ပြန်ပေးခဲ့ ပါတယ်။ အပြန်အလှန်အားဖြင့် ပူတင်ကလည်း မက်ဗီဒက်ကို ၀န်ကြီးချုပ်နေရာ ကတိပေးခဲ့ပါတယ်။
    ဟုတ်ပါတယ်။ ရွေးကောက် ပွဲဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွား တော့မယ်ဆိုတာကို ရုရှားနိုင်ငံနဲ့ အခြားနေရာတွေမှာ မပျော်မရွှင် ဖြစ်သွားတဲ့လူတွေ ရှိပါတယ်။ ဒါ ပေမဲ့လည်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ (မက်ဗီဒက် အပါအ၀င်) လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကြရင်တောင် မစ္စတာ ပူ တင်ပဲ အနိုင်ရမှာပါပဲ။ ရုရှားနိုင်ငံ သားအများစုက မစ္စတာပူတင်ကို ကြိုက်နှစ်သက်ကြပါတယ်။ ခိုင်မာ တောင့်တင်းတဲ့ သမ္မတတစ် ယောက်ဆိုတဲ့ သူတို့ရဲ့ အယူအဆ ကိုပူတင်က ကျေနပ်စေပါတယ်။ ရင်အုပ်ကျယ်ကျယ်နဲ့ ကျန်းမာ သန်စွမ်းသူ၊ နိုင်ငံအကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ပြီး တင်း တင်းရင်းရင်း စကားပြောတတ်သူ လို့နားလည်ထားကြပါတယ်။
    ဒါဖြင့်ရင် နိုင်ငံရေးစနစ် ပြင် ပက  လူတွေအပါအ၀င် အတိုက် အခံတစ်ဖွဲ့လုံးကို ပါဝင်လာစေပြီး တီဗီလိုင်းတွေ အကုန်လုံးကနေ မစ္စ တာပူတင်ကိုလွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ပေး ရင်ကော ဘယ်လို နေမလဲ။ သူရှုံးသွားမလား။ နိုးပါ။ သူပဲနိုင်မှာပါပဲ။ သို့သော် ကရင် မလင်ရဲ့ သြဇာအာဏာ အခြေခံ အုတ်မြစ်တွေတော့ ယိုင်နဲ့သွားပါ လိမ့်မယ်။ တချို့တစ်ဝက်တိုက်စား ခံရပါလိမ့်မယ်။ အဲဒီနောက်တော့ အပျက်အစီးတွေကို ပြန်လည်ပြု ပြင်ရပါလိမ့်မယ်။ ၁၉၉၀ ခုနှစ် တွေမှာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ရှုပ်ထွေးမှုကို ၂၀၀၀ ပြည့်နှစ်မှာ မစ္စတာပူတင်ကရင်မ လင်ရောက်လာပြီး ရှင်းလင်းခဲ့ရ သလိုမျိုး ရှင်းလင်းရပါလိမ့်မယ်။
    မစ္စတာမက်ဗီဒက်က သူ့ရဲ့ စီနီယာရဲဘော်ရဲဘက်ကို သစ္စာမ ဖောက်ပါဘူး။ ရုန်းကန်လှုပ်ရှားမှု မရှိဘဲ အာဏာကို စွန့်လွှတ်လိုက် ပါတယ်။ ကနဦးအစကတည်းက သူလက်ခံထားတဲ့ ကတိက၀တ် တွေနဲ့ အညီဆိုတာ ထင်ရှားပါ တယ်။ သို့သော် ရုရှားနိုင်ငံမှာ အာဏာခွဲဝေမှု အစစ်အမှန်ပင် မရှိခဲ့ဘူးလား။ နည်းနည်းလေး တောင်မရှိဘူးလား။ ဒါမှမဟုတ် စိတ်ကူးယဉ်သက်သက်ပဲလား။ ပြန်ကြည့်မယ်ဆိုရင်တော့ မက်ဗီ ဒက်ဟာ ပူတင်ရဲ့ တစ်စိတ်တစ် ဒေသမဟုတ်ဘူးလား။ တစ်ချိန် တည်းမှာပဲ ကြီးမားတဲ့ အရေးပါ တဲ့ပူတင်ဟာ အမြဲတမ်းပဲ သူကိုယ် တိုင်နဲ့ မက်ဗီဒက်ကို ပေါင်းစပ် ထားတာမဟုတ်လား။
    မစ္စတာ မက်ဗီဒက်မှာ ရည်  ရွယ်ချက်ကောင်း တချို့ရှိခဲ့ပါ တယ်။ ကျေးဇူးတင်ပါတယ်။ ဒီမီ ထရီ။ စာမျက်နှာလှန်လိုက်ပါပြီ။
    ကျွန်တော်ရဲ့ တစ်နေ့တာ ဟာ ပုံမှန်အတိုင်းစတင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ခြောက်နှစ်သမီးမာ ယာရဲ့  ကလေးသွားကလေး ဘယ်လိုထွက်လာတယ်ဆိုတာ စစ်ဆေးဖို့ သွားဆရာဝန်ဆီ ခေါ် သွားခဲ့တယ်။ နေ့လယ်လောက် မှာကျွန်တော်တို့ ပူတင်ကို သမ္မတအဖြစ်ထပ်ရလိမ့်မယ်လို့ ကျွန်တော်သိခဲ့ရတယ်။ ဘယ်သူငယ် ချင်းမှ ကျွန်တော့်ဆီ ဖုန်းမဆက်
ပါဘူး။ ဒါဟာ သူတို့အတွက် သတင်းမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
    မှန်ပါတယ်။ တချို့က မျက် လှည့်ပြသလို အံ့ဖွယ်သရဲ ပြောင်း လဲမှုကို ဆက်လက်စောင့်စားနေ ကြပါတယ်။ သူရဲ့ရင်ထဲ အသည်း ထဲမှာ ပူတင်ဟာ ရုရှားနိုင်ငံကို နောက်ထပ် ၁၂ နှစ်ဆောင်ကြဉ်းသွားချင်မှာ မဟုတ်ဘူးလို့ သူတို့တွေးထင်ကြပါတယ်။ ဒါဟာလေးလံ ပြီး၊ ကိုးရိုးကားရားနိုင်တဲ့ ဆီအ ပြည့်နဲ့ ဓာတ်ဆီကားကြီးမောင်း ရ သလိုဖြစ်ပါလိမ့်မယ်။ သို့သော် ဒီ ဓာတ်ဆီကားကြီးကို သူ့ထက် ဘယ်သူကမှ ပိုပြီးကောင်းကောင်း မွန်မွန်ကိုင်တွယ်နိုင်လိမ့်မယ်မ ဟုတ်ဘူးလို့ ပူတင်က ကျကျနန ဆုံးဖြတ်ခဲ့ပါတယ်။
    ဒါနဲ့များ၊ ဘယ်လိုကြောင့် မျက်လှည့်ဆန်ဆန်အပြောင်းအ လဲကို စောင့်စားနေကြရတာလဲ။ ဘာဖြစ်လို့လဲဆိုတာ ထင်ရှားတာ ကတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မှာမက်ဗီဒက်ဟာ ရုရှားနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ တိတိကျကျဆိုရ ရင် ဥရောပတန်ဖိုးတွေဆီကို ချဉ်း ကပ်ရေးကြိုးစားဖို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကို ရုရှားနိုင်ငံက လည်း အသည်းအသန်လိုအပ်ခဲ့ တယ်။ ““ရုရှား၊ ရှေ့သို့”” လို့သူ ပြောခဲ့တယ်။ ခေတ်မီအောင် ပြု ပြင်ပြောင်းလဲရေး အဆိုပြုခဲ့တယ်။ ရာဇ၀တ်မှုဆိုင်ရာ တရားရေးစ နစ်ကို ရှုတ်ချခဲ့တယ်။ လက်နက် ကိုင်အဖွဲ့ကို ရဲတပ်ဖွဲ့လို့ အမည် ပြောင်းခဲ့တယ်။ လစ်ဗျားကိစ္စမှာ အနောက်နိုင်ငံ မဟာမိတ်တွေနဲ့ လက်တွဲခဲ့တယ်။ စသဖြင့်၊ စသ ဖြင့်ရှိခဲ့ပါတယ်။
    ဟုတ်ပြီ။ သို့သော် မစ္စတာ ပူတင်ဟာ နံပါတ်တစ်အဖြစ်ဆက် ရှိနေခဲ့ပါတယ်။ မစ္စတာပူတင်ဟာ ပုံသဏ္ဍာန် အမျိုးမျိုးရယူနိုင်ခဲ့ပါ တယ်။ သူရဲ့ဘ၀နေထိုင်မှု ဟန်ပန် မှာ သူဟာ ဥရောပသားစစ်စစ် ပါပဲ။ ဒါဟာ အားတက်ဖို့ကောင်း တယ်။   White Russian   လှုပ်ရှားမှု ကိုပြန်လည်နာလန်ထလာစေခဲ့ပြီး စတာလင်ခေတ် ဖိနှိပ်မှုတွေကို ရှုတ်ချခဲ့တယ်ဆိုတာလည်း အား တက်စရာကောင်းပါတယ်။ ဒါပေ မဲ့သူဟာ ဆိုဗီယက်ရုရှားရဲ့ ကြီး ကျယ်ခမ်းနားမှုကိုတော့ သိသိ သာသာလက်လွတ်ခဲ့တယ်။ ဒါက စိတ်အားငယ်စရာကောင်းတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့အိမ် နီးချင်းတွေအတွက်ပေါ့။
    မက်ဗီဒက်လိုမဟုတ်ဘဲ မစ္စ တာပူတင်ဟာ ရုရှားကို ဥရောပ ဆီ (သို့မဟုတ်) တခြားတတိယ လမ်းကိုဦးဆောင်သွားဖွယ် ရှိပါ တယ်။ ဗင်နီဇွဲလားလို နိုင်ငံမျိုးတွေ နဲ့ တခြားထူးထူးဆန်းဆန်း မိတ် ဆွေတွေနဲ့ အဲဒီတတိယလမ်းဟာ အနောက်နိုင်ငံတွေကို အမြဲတမ်းဘ၀င်ကျစေမှာတော့ မဟုတ်ပါဘူး။
    ဒါပေမဲ့ ကျွန်တော်သေသေ ချာချာသိတာကတော့ မစ္စတာပူ တင်ဟာ သူ့ရဲ့အမြင်တွေမှာ ရု ရှာနိုင်ငံသား ၈၀ ရာခိုင်နှုန်းထက် ပိုပြီး ပွင့်လင်းပါတယ်။ လူထုအ မြင်က သူ့ထက်ပိုပြီး အမျိုးသား ရေးဆန်ပြီး နိုင်ငံခြားသားကို ကြောက်ရွံ့ပါတယ်။ ပြောချင်ရာ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပူတင် ဟာအခြေခံအားဖြင့် ဆင်းရဲတဲ့ နိုင်ငံမှာ ဆိုးရွားတဲ့ခံစားချက်တွေ ရဲ့ အရန်အတားပဲဖြစ်ပါတယ်။ အောက်ခြေက တော်လှန်ရေး တွေကို ကျွန်တော်တို့ မလိုအပ်ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လစ် ဘရယ်တွေက ကရင်မလင်နဲ့ မ ဆက်ဆံတတ်ဘူး ဒါမှမဟုတ် ငယ်ရွယ်တဲ့ လစ်ဘရယ်တွေဟာလည်း အနောက်နိုင်ငံတွေကို ထွက်ပြေး နေလို့ပဲဖြစ်ပါတယ်။
    ဒါ့ကြောင့် မျက်လှည့်ပြသ လိုအပြောင်းအလဲတွေအတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးသွား ပြီဆိုရင် လူမျိုးအကျိုးပဓာန နိုင်ငံ ရေးအမြင် ထွန်းကားပါစေတော့။ ပူတင်ဟာ လက်တွေ့ပဓာန၀ါဒီ ဖြစ်လာခဲ့ရင် ကောင်းပါတယ်။ ကျွန်တော့်ပုဂလိကတစ်ယောက် တည်း အတွက်ဆိုရင်လည်း ကောင်းပါတယ်။ ၂၀၀၀ ပြည့် လွန်အစောပိုင်းနှစ်တွေမှာ ကျွန် တော်တို့ကို မစ္စတာပူတင်ပေးအပ် ခဲ့တဲ့ ပုဂလိက လွတ်လပ်ခွင့်တွေ ကိုကျွန်တော်တို့ မှီတွယ်ထားနိုင် မယ်ဆိုရင် ဒါဟာ လုံးဝအဆိုးကြီး မဟုတ်ပါဘူး။   


0 comments:

Post a Comment


Popular Posts