'
အမိမြေ

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူအားလုံးကို လွှတ်ပေးရန် နိုင်ငံတော်က စီစဉ်နေ


ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နိုင်ငံတော်အစိုးရက စီစဉ်နေကြောင်း ကြားသိရသည့်အတွက် အားတက်မိသည်ဟု ဗြိတိန်နိုင်ငံ ခြားရေးနှင့် ဓနသဟာယ၀န်ကြီး မစ္စတာဝီလျံဟေ့်က ဇန်န၀ါရီ ၆ ရက် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ဗြိတိသျှ ကောင်စီ စာကြည့်တိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

" အဲဒီကတိက၀တ်ကို လေးစားလိုက်နာရေးအတွက် သူတို့ဘက်က အဆောတလျင်ဆောင် ရွက်ပေးမယ်လို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်" ဟု မစ္စတာဝီလျံဟေ့်က ပြောသည်။

အမျိုးသားအမျိုးသမီးရာပေါင်းများစွာသည် ၄င်းတို့၏ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲ တွင် ယနေ့တိုင်ကျန်ရှိနေဆဲဖြစ်သည်ကို ရည်ညွှန်း၍ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ၀န်ကြီးက ပြောခြင်း ဖြစ်သည်။

" ဘယ်ဒီမိုကရေစီနိုင်ငံမျိုးမှာမှ ဒီလိုအခြေအနေအတွက် နေရာမရှိသလို မြန်မာနိုင်ငံရဲ့ အနာ ဂတ်မှာလဲ ဒီလိုအခြေအနေအတွက် နေရာမရှိပါဘူး" ဟု မစ္စတာဝီလျံဟေ့်က ဆက်လက်ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ၀န်ကြီး မစ္စတာဝီလျံဟေ့ဂ်သည် ဇန်န၀ါရီ ၅ ရက်က နိုင်ငံ တော်သမ္မတ နိုင်ငံခြားရေးဝန်ကြီး ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဇန်န၀ါရီ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
Ref : ပန်းသတင်း ဂျာနယ် 

0 comments:

Post a Comment


Popular Posts