'
အမိမြေ

တပ်လည်းရူံး၊ ငြိမ်းချမ်းရေးလည်း ရှုံးဖြစ်မှာ ကြောက်နေတယ်

မွန်ပြည်သစ် ပါတီသည် ၁၉၆၂ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေး စတင်ပြုလုပ်ခဲ့သည်။  

မွန်ပြည်သစ် ပါတီအား ယနေ့နံနက် ၈ နာရီ အချိန်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက သံဖြူဇရပ် မြို့နယ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး ယနေ့ညနေတွင် ညစာစားပွဲ ပြုလုပ်မည် ဖြစ်သည်။ မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး အဖွဲ့တွင် ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စ အပါအဝင် ပါတီဗဟို ကော်မတီဝင်များနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ အပါအဝင် ၁၂ ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း ဟိုတယ် (Strand) တွင် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမည်။ ဆွေးနွေးပွဲ မတိုင်မီ မွန်ပြည်သစ် ပါတီဘက်မှ ဆွေးနွေးရန် ငြိမ်းချမ်းရေး အကျိုးဆောင်ပေးသူ ဦးညွန့်အုန်းမြင့်၏ The Voice Weekly သို့ ပြောကြားချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

" ဆွေးနွေးရင် လက်မှတ်ထိုးဖြစ်ဖို့က သေချာတယ်။ နည်းနည်းတော့ ခက်လိမ့်မယ်လို့ ထင်တယ်။ ယုံကြည်မှု တည်ဆောက်ရ ဦးမယ်။ မွန်ခေါင်းဆောင်တွေရဲ့ အမြင်က အရင်တစ်ခါ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတုန်းကလို ဖြစ်မှာ စိုးတယ်။ သူတို့မှာ စစ်သား အယောက် ၅၀၀၀ လောက် ရှိရာက ၁၀၀၀ လောက်ပဲ ကျန်တယ်။ ပြီးတော့ အဲဒီ ငြိမ်းချမ်းရေး ကလည်း မတည်မြဲခဲ့ဘူး "

" မွန်ခေါင်းဆောင်တွေ အဓိက တောင်းဆိုချင်တာက နိုင်ငံရေးမှာ ပါဝင်ခွင့်ရဖို့ မွန်တစ်မျိုးသားလုံး နိုင်ငံတော်မှာ ဘယ်အခန်း ကဏ္ဍက ပါဝင်မလဲ ဆိုတာတွေ ဆွေးနွေးဖြစ်မယ်။ မွန်ခေါင်းဆောင်တွေ အကုန်လုံး ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဆင်သင့် ရှိတယ်လို့ကျွန်တော် ထင်တယ်။ နောက်ပြီး မွန် ခေါင်းဆောင် နိုင်ယက္ခနဲ့ ကျန်တဲ့ ခေါင်းဆောင်တွေ၊ မွန် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ မွန်လူမျိုးတွေရဲ့ စာပေ မွန်ပြည်နယ် သင်ကြားဖို့၊ မွန်ပြည်နယ်မှာ မွန်ဘာသာစကား ရုံးသုံးဘာသာ ဖြစ်ဖို့ အဲဒါတွေ တောင်းဆို ကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ် "

" ကျွန်တော်တို့ အကျိုးတော်ဆောင်တွေ အနေနဲ့ ဒီဆွေးနွေးပွဲ လုပ်မယ် ဆိုကတည်းက လက်မှတ်ထိုးနိုင်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာအောင် လုပ်ထားရတာပေါ့။ အခု မွန်ပြည်သစ် ပါတီက ဒီကို ဆွေးနွေးဖို့ သက်သက်ပဲ လာတာပေါ့။ ဆုံးဖြတ်ချက် ချဖို့က ဗဟိုကော်မတီဝင်တွေ သဘောထား ဖြစ်တာပေါ့။ အကျိုးဆောင် အနေနဲ့ကတော့ ဒီမှာ ညှိနိုင်သလောက် ရအောင်ညှိ နိုင်အောင် ကြိုးစားမယ်။ အစိုးရနဲ့ ညှိလိုက် မွန်ပြည်သစ်ပါတီနဲ့ ညှိလိုက် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုကတော့ တော်တော် တည်ဆောက်ပြီး နေပါပြီ "

" နိုင်ငံတစ်ခုမှာ အင်အားစု တစ်ခုနဲ့တစ်ခု အခြေအနေက မတူညီကြဘူး။ တစ်ဖွဲနဲ့တစ်ဖွဲ့ ကွားခြားတယ်။ KNU နဲ့ ပတ်သက်ပြီး ဒုက္ခတွေ နှစ်ရှည်လများ ခံစားလာရတယ်။ အစိုးရဘက် ကလည်း ဒီတိုင်းပဲ ခံလာရတယ်။ အဲဒီတော့ နှစ်ဖက်လုံး မြန်မြန် ပြီးချင်တယ်။ အခု မွန်ကတော့ သူတို့ အရင်တစ်ခေါက် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တုန်းက အခြေအနေမျိုး တပ်လည်း ရှုံး ၊ငြိမ်းချမ်းရေးလည်း ရှုံး ဖြစ်မှာကြောက်နေတယ် "







Ref : The Voice Weekly

0 comments:

Post a Comment


Popular Posts