'
အမိမြေ

နိုးကြ ထကြ မြန်မာတို့


• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊။

- ( မင်းသုဝဏ် )



0 comments:

Post a Comment


Popular Posts