'
အမိမြေ

နိုင်ငံတော်အလံ၏ အဓိပ္ပါယ်



နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်း ဖြစ်သည် .. ။

အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည် ..။ 

အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည် .. ။

အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည် ..။

ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည် .. ။

1 comments:

Anonymous said...

စောက်ရူး အဓိပါယ်ကို လိုသလိုဆွဲဖွင့်နေတယ်။ မင်းလို့ဥနှောင်းမရှိတဲ့ စောက်ရူးတွေယုံတာ။

Post a Comment


Popular Posts