'
အမိမြေ

ဂျီအက်စ်အမ် EDGE အင်တာနက်စနစ် ကုမ္ပဏီတွင်ပါ လျှောက်ထားနိုင်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယခုလ ၅ ရက်ကစတင်၍ ပြန် လည်ဖွင့်ပေးလိုက်သည့်   GSM EDGE အင်တာနက်စနစ်ကို ပြင်ပအစိုးရ ဆက်သွယ်ရေး ရုံးများအပြင် ပုဂ္ဂလိကကုမ္ပဏီဖြစ်သော E-Lite Tech ကုမ္ပဏီတွင်ပါ လျှောက်ထား နိုင်ရန်ဆောင်ရွက်ပေး လိုက်ကြောင်း သိရသည်။
ယခင်က အဆိုပါ အင်တာနက်စနစ်ကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင်သာ သွားရောက် လျှောက်ထား နိုင်ခဲ့ရာမှ ယခု  EDGE အင်တာနက်စနစ် ကို ပြန်လည်ဖွင့်ပေးရာတွင် လျှောက်ထား လိုသူများ အဆင်ပြေစေရန်အတွက် ပြင်ပကုမ္ပဏီတွင်ပါ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စတင်လျှောက်ထားနိုင်ပြီး နောက်လအနည်းငယ်အကြာတွင်ရပ်တန့်သွားခဲ့သည့်   EDGE    အင်တာနက်စနစ်ကို ပြန်လည်အသုံးပြုခွင့်ပေးခဲ့ရာပုဂ္ဂလိကကုမ္ပဏီသို့ သွားရောက်လျှောက်ထားနိုင်သည်ကိုမသိရှိကြသဖြင့်မြန်မာ့ဆက်သွယ်ရေး (အလုံရုံးချုပ်)တွင် လူအများအပြားစုပြုံရောက်ရှိနေကြပြီး လျှောက်ထားလိုသည့် လူအရေအတွက်
မှာ များပြားလွန်းသည့်အတွက် အဆင်မပြေမှုမျာဖြစ်ပေါ်နေကြကြောင်းစုံစမ်းသိရှိရသည်။
 
သို့သော် ပြင်ပကုမ္ပဏီများတွင် သွားရောက်လျှောက်ထားပါက ဆက်သွယ်ရေးရုံးများတွင်ပေးဆောင်ရသော နှုန်းထားထက် ကျပ် ၁၅၀၀ သာပိုမိုပေးဆောင်ရပြီး အချိန်တိုအတွင်း လွယ်ကူစွာ လျှောက်ထားနိုင်ကြောင်း ယင်းကုမ္ပဏီမှသိရသည်။ “ပထမဆက်သွယ်ရေးမှာ သွားတိုးနေတာ။ လူတွေကနည်းတာမဟုတ်ဘူး။ လူကတအားများနေတဲ့ အတွက် လျှောက်တိုင်းလည်း ချက်ချင်းမရဘူးဖြစ်နေတာ။ ပုဂ္ဂလိကမှာ ချက်ချင်းပြောင်း လျှောက်လိုက်တာ   ငါးမိနစ်ပဲကြာတယ်။ ပိုက်ဆံတော့ ပိုပေးရ တာပေါ့။ ဆက်သွယ်ရေးအနေနဲ့ လည်းပြင်ပမှာ ပါသွားရောက် လျှောက်ထားနိုင်တာကို အသိပေးဖို့လိုပါတယ်”ဟု အဆိုပါ   EDGE   စနစ်ကိုသွားရောက်လျှောက်ထားခဲ့သော အသက် ၃၅ နှစ်အရွယ် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းအသုံးပြုသူအမျိုးသားတစ်ဦးကပြောသည်။
GSM EDGE   စနစ်ကို မြန်မာ့ဆက်သွယ်ရေးနှင့်အတူပူးပေါင်းရောင်းချပေးနေသည့် ပုဂ္ဂလိကုမ္ပဏီမှာ   Elite Tech Manufacturing   ဖြစ်ပြီးမကြာမီအချိန် အတွင်း အခြားသော ကုမ္ပဏီများကိုပါ ရောင်းချခွင့်များချပေးမည်ဖြစ် ကြောင်း ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ့ဆက်သွယ်ရေး၏ အဆိုပါဝန်ဆောင်မှုကို ကျပ်ငါးသိန်း နှင့် ကျပ်တစ်ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းရှိသူမည်သူမဆို နောက်ထပ်ကျပ်တစ်သောင်းပေး သွင်းရုံဖြင့် (မှတ်ပုံတင်နှင့် အခြားအထောက်အထားများ ပြသရန်မလို) အသုံးပြုနိုင်ပြီဖြစ်သည်။
 
Ref : 7 Day News

0 comments:

Post a Comment


Popular Posts