'
အမိမြေ

စီဒီအမ်အေ ၈၀၀ မဂါဟဇ်ဖုန်းများဖြင့် အင်တာနက်စတင်သုံးပြုနိုင်


စီဒီအမ်အေ ၈၀၀ မဂါဟဇ်ဖုန်း များတွင် အင်တာနက်အသုံးပြုနိုင် သောဝန်ဆောင်မှုကို မြန်မာအိုင် စီတီရက်သတ္တပတ်ပွဲတော်တွင် စတင်ရောင်းချခဲ့သည်။
    ပြင်ဦးလွင်မြို့နယ် ရတနာပုံဆိုင်ဘာစီးတီးတွင် စတင်ရောင်းချ ပေးသည့် အဆိုပါဝန်ဆောင်မှု သည် ဂူးဂဲလ်၊ ဖေ့စ်ဘွခ်၊ ဂျီတော့ခ် အစရှိသည့် အင်တာနက်ဝန် ဆောင်မှုများကိုပါ ရယူသုံးစွဲနိုင်ပြီး ရတနာပုံဝက်ဘ်ပေါ်တယ်လ်အ သုံးပြုသူများအတွက် ယင်းဝက်ဘ်ပေါ်တယ်လ်မှ မိုဘိုင်းများအတွက် ၀န်ဆောင်မှုပေးသည့်ကဏ္ဍများ အား ရယူသုံးစွဲနိုင်ရန်စီစဉ်ပေး ထားခြင်းဖြစ်ကြောင်း သိရှိရ သည်။
    ““လောလောဆယ်တော့ ဒီလကုန်အထိကို အခမဲ့သုံးစွဲခွင့် ပေးထားတယ်။ နောက်ပိုင်းကျရင် ၀န်ဆောင်မှုအသုံးပြုခက တစ်မိ နစ်ကို လေးကျပ်နှုန်းနဲ့ ကောက်ခံ သွားဖို့စီစဉ်ထားပါတယ်””ဟု ရတ နာပုံတယ်လီပို့၏ Fax၊ Phone၊ EVDO One Stop Service မှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ပြောသည်။
    အဆိုပါ EVDO ၀န်ဆောင်မှု အတွက် ရတနာပုံဝက်ဘ်ပေါ် တယ်လ်ရှိ YTP Mobile Store တွင် ပါဝင်သည့် ဖျော်ဖြေရေးကဏ္ဍ Animation Graphic၊ Game၊ အသံနှင့် ဗီဒီယိုဖိုင်များ၊ Ringtone အစရှိသည့် E-mail နှင့် Messaging ၊ SMS ပေးပို့ဝန်ဆောင်မှု ပေးမည့် ဗေဒင် SMS Greeting Card ၀န်ဆောင်မှု၊ SMS Joke  ဉာဏ်စမ်းပဟေဠိ၊ ဉာဏ်စမ်းကစားနည်းများအား ဖုန်းအတွင်းမှ ရယူသုံးစွဲနိုင်မည် ဖြစ်သည်။
    ယင်းဝန်ဆောင်မှု ရယူလို သူများအတွက် ယခုအိုင်စီတီပြပွဲ တွင် တစ်နေရာတည်းအပြီး ၀န် ဆောင်မှုပေးခဲ့ပြီး ပထမဦးစွာ ၈၀၀ မဂါဟာဇ်ဖုန်းအား မြန်မာ့ ဆက်သွယ်ရေးတွင် ဆင်းမ်ကတ် ပြောင်းလဲသုံးစွဲရမည်ဖြစ်သည်။ ထို့နောက် ON<Space>Fun ဟု ရိုက်ထည့်၍ ၁၈၄ သို့ SMS ပို့ရမည်ဖြစ်သည်။ YTP Mobile Store မှ http://yatanarpon. com.mm လင့်ခ်ကို ပေးပို့ရမည် ဖြစ်ပြီး၊ ယင်းလင့်ခ်ကိုနှိပ်၍ အ ထက်ပါဝန်ဆောင်မှုများကို ရယူ သုံးစွဲနိုင်ပြီဖြစ်သည်။

Ref : 7 Day News


0 comments:

Post a Comment


Popular Posts