'
အမိမြေ

ရုရှားနှင့် အီရန် ခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့်ဆွေးနွေး


ရုရှားသမ္မတ မာဗီဒက်သည် အီရန် ခေါင်းဆောင် အမာဒီနီဂျက်နှင့် နျူကလိယစွမ်းအင် ဆိုင်ရာ ကိစ္စရပ်များကို တယ်လီဖုန်းဖြင့် ဆွေး​နွေးပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ပြောဆိုရာ အီရန်တို့ နျူကလိယ စွမ်းအင်ဆိုင်ရာကိစ္စကို နိုင်ငံတကာမှ သံသမန်ရေးရာ ဝင်ရောက် ညှိနှိုင်းမှုအပေါ် သဘောတူ​ကြောင်း အမာဒီနီဂျက်ကပြောဆိုခဲ့သည်။ အီရန်တို့သည် နျူကလိယ ဆိုင်ရာ အကူအညီအထောက်အပံ့များကိုလည်း ယခင်က ရုရှား တို့ထံမှ ရရှိခဲ့ခြင်းသာဖြစ်ပြီး၊ နိုင်ငံတကာဖိအားပေးမှု များပြားလာချိန်တွင် ရုရှားတို့က လက်တွဲဖြုတ်ခဲ့သည်။ သို့သော် သံတမန်ရေးရာ အားဖြင့် အဆက်အသွယ်မပြတ်သော ရုရှားတို့အနေဖြင့် အီရန်နိုင်ငံ၏ နျူကလိယဆိုင်ရာ ပြဿနာရပ်များအား နိုင်ငံရေးအရ ဖြေရှင်း မှုကိုသာ လိုလားပြီး စစ်ရေးဖြင့် ဖြေရှင်းမှုကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် ဆက်ဆံရေးပြေလည်လျက်ရှိသော ရုရှားတို့အနေဖြင့် အီရန်ဆိုင်ရာ နျူကလိယ ကိစ္စရပ်များအား စေ့စပ်ညှိနှိုင်းရန် အဓိက​နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။ အဆိုပါ တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုမှုကို အီရန်ရေနံတင်ပို့မှုဆိုင်ရာ ဥရောပနိုင်ငံများ အစည်းအ​ဝေးအပြီး တစ်ရက်အကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
---
 Ref :http://shwelone.com/

0 comments:

Post a Comment


Popular Posts