'
အမိမြေ

လာမည့်စာသင်နှစ်တွင် ဒို့အလံ သင်ခန်းစာ ပြောင်းလဲမည်


လက်ရှိ အခြေခံပညာမူလတန်း ဒုတိယတန်းတွင် သင်ကြားနေသော ဒို့အလံသင်ခန်းစာကို လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ ပြောင်းလဲ ပုံနှိပ် ပြဋ္ဌာန်းသွားမည်ဖြစ်သည်။
သင်ခန်းစာသစ်တွင် အဓိကအားဖြင့် အလံပုံအားပြောင်းလဲသွားမည်ဖြစ်ပြီး စာသားများတွင်မူ နိုင်ငံတော်အလံသစ်တွင် ပါဝင်သော အဖြူရောင်ကြယ်၏ အဓိပ္ပာယ်နှင့် ကြယ်အောက်တွင် အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်များ အောက်ခံအဖြစ် ပါဝင်ရခြင်း အကြောင်းရင်းများကို ဖော်ပြသွားမည်ဟု ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက ပြောသည်။
မြန်မာနိုင်ငံတော်အလံအား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောင်းလဲလိုက်သည့်အတွက် ယခုဒုတိယတန်းတွင် သင်ကြားနေ သော ဒို့အလံသင်ခန်းစာကို ပြောင်းလဲပြဋ္ဌာန်းရခြင်းဖြစ်ပြီး အခြားသင်ရိုးများကိုမူ ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၄၀,၈၀၁ ကျောင်း ရှိရာ ဒုတိယတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ၁၀ သိန်းကျော်ခန့်ရှိသည်။ 

Ref : မြန်မာ့တိုင်းမ်

0 comments:

Post a Comment


Popular Posts