'
အမိမြေ

အကျိုးခံစားခွင့်ပိုမိုရရှိလာမည့် လူမှုဖူလုံရေး ဥပဒေသစ်ကို ကျင်းပဆဲ တတိယအကြိမ် လွှတ်တော်တွင် တင်ပြသွားရန်ရှိ




လုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပင်စင်ခံစားခွင့်တွေ၊ ထိခိုက်ဒဏ်ရာ ခံစားခွင့်တွေမှာ လက်ရှိ ခံစားရတဲ့ အကျိုးခံစားခွင့်တွေထက် ပိုမိုရရှိမယ့် လူမှုဖူလုံရေး ဥပဒေသစ်ကို   ယခုကျင်းပပြု လုပ် လျက်ရှိတဲ့ တတိယအကြိမ် လွှတ်တော်မှာ တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လူမှုဖူလုံရေး အဖွဲ့က သိရပါတယ်။

အဆိုပါ ဥပဒေသစ်ကို ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူစဉ်မှာကတည်းက တင်ပြနိုင်ဖို့ အတွက် 
စီစဉ်ခဲ့တာဖြစ်ပေမယ့် ဥပဒေသစ်ပြင်ဆင် မှုတွေ မပြီးပြတ်တာကြောင့် မတင်ပြခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုကြားကာလမှာ ဥပဒေသစ်ပြင်ဆင်မှုတွေ ကို ဆောင်ရွက်ခဲ့ပြီး ကျင်းပ လျက်ရှိတဲ့ လွှတ်တော်မှာ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ လူမှုဖူလုံရေး ဥပဒေသစ်ထွက်ရှိလာတဲ့အခါမှာတော့ လက်ရှိလူမှုဖူလုံရေး ဥပဒေဟောင်းမှာ ပါရှိတဲ့ အကျိုးခံစားခွင့်ေ တွဖြစ်တဲ့ ပင်စင်ခံစားခွင့်တွေ၊ ထိခိုက်ဒဏ်ရာ ခံစားခွင့်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ လက်ရှိခံစားရတဲ့ အကျိုးခံစားခွင့်တွေထက် ပိုမိုကောင်းမွန်တဲ့ အကျိုးခံစား ခွင့် တွေရရှိလာ မှာ ဖြစ်ပါတယ်။ ဒီလို အကျိုးခံစားခွင့်တွေ ပိုမိုလာတာနဲ့အတူ အာမခံကြေးတွေနဲ့ အကျုံးဝင်ကြေးတွေပါ တစ်ပါတည်း ပြောင်းလဲလာ မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : MRTV-4


0 comments:

Post a Comment


Popular Posts