'
အမိမြေ

ကျပ် ၁၅ သိန်း GSM ဖုန်းကြိုတင်ငွေဖြည့်ကတ်စနစ် ပြောင်းလဲမည်

 
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် ကျပ် ၁၅ သိန်းတန် ၁၅ သိန်းတန် GSM ဖုန်းများကို လက်ရှိအသုံးပြုလျက်ရှိသော ကြိုတင်ငွေပေးသွင်းစနစ်မှ ကြိုတင် ငွေဖြည့်ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် စာရင်းကောက်ယူနေကြောင်း ရတနာပုံ Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ကျပ် ၁၅ သိန်းတန် GSM ဖုန်းများဖြစ်သည့် ၀၉-၅၀၊ ၅၁၊၅၄၊၅၆၊၂၀၊၂၁၊ အစရှိသော ဖုန်းများ သို့ ဇန်န၀ါရီလ ၂ ရက်နေ့မှစတင်၍ ကြိုတင်သတင်းပေးစာများ ပေးပို့ထားပြီး ယင်းစနစ်ကို ကောက်ယူလျက်ရှိ ကြောင်း၊ ဖုန်းကိုင်ဆောင်အသုံးပြုလိုပါက ပေးပို့သော Message ကို Yes ဟု ပြန်လည်ဖြေကြားရန် လိုအပ် ကြောင်း၊ ထိုသို့ဖြေကြားခြင်းအားဖြင့် ပြောင်းလဲမည့် ယင်းစနစ်တွင် စာရင်းဝင်သွားမည်ဖြစ်ကြောင်း အဆိုပါတာ ၀န်ရှိသူက ဆက်လက်ပြောကြားသည်။

" ဖုန်းထဲမှာ လက်ကျန်ငွေရှိသေးရင်လည်း ဖုန်းထဲမှာ ကျန်တဲ့ငွေပမာဏကို တစ်ပါတည်းထည့် သွင်းပေးသွားမှာပါ။ အကယ်၍ ဖုန်းကအကြွေးရှိသေးတယ်ဆိုရင်တော့ ဆက်သွယ်ရေးလုပ်ငန်းမှာ ငွေအရင် ပေးချေဖို့လိုပါတယ်" ဟုလည်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ထိုသို့ပေးသွင်းထားသော စာရင်းများကို ရတနာပုံ Call Center မှတစ်ဆင့် မြန်မာ့ဆက်သွယ် ရေးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ပြောင်းမည်ဆိုသော သတင်းကြောင့် Call Center သို့ နေ့စဉ်ခေါ် ယူမှု ၅၀၀၀ ခန့်ရှိခဲ့ရာမှ ၈၀၀၀ သို့တက်သွားကြောင်း၊ ယင်းသတင်းကို ဖုန်းအလုံးရေ တစ်သောင်းဖြစ်စေ၊ နှစ် သောင်းဖြစ်စေ တဖြည်းဖြည်းခွဲ၍ သတင်းပေးလျက်ရှိကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

ကြိုတင်ငွေပေးကတ်များသည် ကျပ်တစ်သောင်းတန်မှ သုံးသောင်းတန်အထိသာ ရှိသည့်အ တွက် ခဏခဏငွေပေးသွင်းရသောကြောင့် ငွေကြေးတတ်နိုင်သူ၊ ဖုန်းအဆက်အသွယ်အပြတ်မခံနိုင်သော သူ များအနေနှင့် အဆင်မပြေနိုင်ကြောင်း၊ ယင်းကဲ့သို့သော လူတန်းစားတစ်ရပ် ကျန်ရှိနေသေးသည့်အတွက် ကြို တင်ငွေပေးသွင်းရသော စနစ်ကို ဆက်လက်ထားရှိရခြင်းဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ် မှုဒါရိုက်တာ ဦးရဲမင်းဦးက Myanmar Info-Tech တွင်ပြုလုပ်ခဲ့သသော အွန်လိုင်းမှတစ်ဆင့် ဖုန်းဘီလ်ဆောင် သောစနစ် မိတ်ဆက်ပွဲတွင် ပြောကြားသည်။

" ကျွန်တော်တို့က မကြာခဏဖုန်းဘီလ်သွားမဆောင်နိုင်ဘူး။ Pre-paid ကတ်ကအများဆုံး ငါး သောင်းတန်အထိပဲရှိတော့ နိုင်ငံခြားဖုန်းတွေဆို ပြောနေရင်းနဲ့ ငွေကုန်သွားရင် ပြုတ်ကျသွားနိုင်တယ်။ ဒါကြောင့် အရင်စနစ်ကိုပဲ ဆက်သုံးဖြစ်မှာပါ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းဘီလ်ဝန်ဆောင်မှုပေးနေသော ၀န်ထမ်းများပင်လျှင် ကြို တင်ငွေပေးကတ်စနစ်လုပ်မည်ဆိုသောကြောင့် အခြားဌာနများတွင်သာ အားဖြည့်ရမည်ဖြစ်ကြောင်း၊ ပြင်ပမှ ဖုန်းဘီလ်ဝန်ဆောင်မှု ပေးနေသူများ ပျောက်သွားနိုင်ကြောင်း၊ ယခင်စနစ်ကို ဆက်သုံးလိုသောသူများမှာ Online မှတစ်ဆင့် ဘဏ်နှင့်ချိတ်ဆက်၍ ငွေသွင်းနိုင်ကြောင်း ဖုန်းဘီလ်ဝန်ဆောင်မှုပေးနေသူ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သော ကျပ် ၁၅ သိန်းတန် GSM ဖုန်းများ ၂၀၁၀ ပြည့်နှစ်တွင် အလုံးရေ ၄၉၄ ၃၀၀ ရှိခဲ့ပြီး GSM ငါးသိန်းတန်ဖုန်းများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် အလုံးရေ ငါးသိန်းငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည်။

0 comments:

Post a Comment


Popular Posts