'
အမိမြေ

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်း ၏ email ကို ဟက်ကာများ ပစ်မှတ်ထားခဲ့




ဗြိတိန်ရှိ ရဲတပ်ဖွဲ့၏ တွေ့ရှိချက် အရ ယခင်က ဝန်ကြီးချုပ်ဟောင်း ဖြစ် သူ ဂေါ်ဒန် ဘရောင်း၏ email မှာ ၎င်းအနေဖြင့် ဘဏ္ဍာရေး အကြီးအကဲဖြစ်ချိန်က သတင်းစာများအတွက် အလုပ်လုပ် ပေးနေသည့် ပုဂ္ဂလိကစုံစမ်းရေး သမားများမှ ထိုးဖောက် ကြည့်ရှု့ခြင်း ခံခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ယခုသတင်းကို လွန်ခဲ့သည့် တနင်္လာနေ့က The Independent သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ အလားတူပင် ရာပေါင်းများစွာေ သာ လူများ၏  email များမှာလည်း ယင်းသို့ ကြားဖြတ်ဖတ်ရှုခံခဲ့ရကြောင်း  နှင့်အများစုမှာ ပြဿနာဖြစ်ခဲ့ရသည့် News of the World သတင်းစာမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လည်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ ထောက်လှမ်းရေး တာဝန်ရှိ သူမျာမှာ ယင်းသို့သော ပုဂ္ဂလိက စုံစမ်းရေးသမားများ ထံမှ ရရှိထားသည် ကွန်ပြူတာ အလုံး ၂၀ အတွင်းတွင် ကြည့်ရှု့ စစ်ဆေးခဲ့ခြင်းဖြစ် ကာ ယခုလိုတွေ့ ရှိခဲ့ရခြင်း ဖြစ်သည်။ ဗြိတန်ရှိ Scotland Yard  ရဲတပ်ဖွဲ့ မှာ အဆိုပါ စစ်ဆေးမှုကို ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဂေါ်ဒန် ဘရောင်း အနေဖြင့် ဝန်ကြီးချုပ်မဖြစ်မီ ဘဏ္ဍရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလက ယင်းသို့ email ခိုးကြည့် ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref : http://www.mrtv4.net.mm/

0 comments:

Post a Comment


Popular Posts