မင်္ဂလာတောင်ညွန့်မြို့နယ်
သပြေကုန်းရပ်ကွက် ၁၂၄ လမ်းရှိ နေအိမ်တစ်လုံး၏ နောက်ဖေးခန်းပြိုကျမှုတစ်ခု
ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
ကူးတိုပ်ဆိပ်ရပ်ကွက် မေတ္တာမွန်ဂိုဒေါင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့်
အထပ်သုံးထပ်ရှိသော အဆိုပါနေအိမ်တွင် အက်ကြောင်းအချို့ ဖြစ်ပေါ်ခဲ့ပြီး
ယနေ့နံနက်တွင် အပေါ်ဆုံးထပ်၏ နောက်ဖေးခန်းမှာ ပြိုကျခဲ့ခြင်းဖြစ်သည်။
ထိုပေါက်ကွဲမှုကြီးဖြစ်ပွားစဉ် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် ၂.၃
ရစ်ချက်တာစကေးရှိ ငလျင်အသေးစား လှုပ်ခတ်ခဲ့သည်။
သို့သော်
လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ကနဦး သတင်းရရှိသည်။
အခင်းဖြစ်ပွားရာသို့ ရဲ၊ မီးသတ်နှင့် ရပ်ကွက်တာဝန်ရှိသူများက
လာရောက်ကြည့်ရှုစစ်ဆေးပြီး ကူညီရှင်းလင်းနေပြီဖြစ်ကြောင်းသတင်းရရှိပါသည် ။
သို့သော် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ကနဦး သတင်းရရှိသည်။ အခင်းဖြစ်ပွားရာသို့ ရဲ၊ မီးသတ်နှင့် ရပ်ကွက်တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး ကူညီရှင်းလင်းနေပြီဖြစ်ကြောင်းသတင်းရရှိပါသည် ။
0 comments:
Post a Comment