'
အမိမြေ

လက်နက်သစ်များ အီရန်တို့ ပစ်လွှတ်စမ်းသပ်




ဟော်မုတ်ရေလက်ကြား ပိတ်ဆို့မည့်အရေး နှင့်ပတ်သက်ပြီး တင်းမာမှု ဖြစ်ပွားနေရသည့် အခြေအနေ တွင် အီရန်နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် တနင်္လာနေ့က တာတိုပစ် ဒုံးကျည် နှစ်စင်းကို အဆိုပါ ပင်လယ်ကွေအတွင်း သို့ အောင်မြင် စွာ ပစ်လွှတ် စမ်းသပ်လိုက်ကြောင်း သိရကာ ယင်းသို့ပစ် ခတ်ခြင်းဖြင့် အမေရိကန်နှင့် အစ္စရေး အခြေ စိုက်စခန်းများကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ပြသလိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့် တစ်ရက်က အီရန်နိုင်ငံ အနေဖြင့် နှုကလိယ လောင်စာတောင့်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေငြာပြီးနောက် တစ်နေ့တွင်  ယခုလို လက်နက်ပစ်လွှတ် စမ်းသပ်လိုက်ခြင်းဖြစ်ကာ ၎င်းတို့၏ စွမ်းရည်ကို ပြသလိုက်ပြီဖြစ်သည်။ ထို့အပြင် နှုကလိ ယ လောင်စာတောင့်ကို ထုတ်လုပ်နိုင်ခြင်းအတွက် နိုင်ငံ၏နှုကလိယ  ကဏ္ဍတွင် အဆင့်မြှင့်တင် လိုက်နိုင်ပြီလည်း ဖြစ်သည်။ ယခုလို လက်နက် ပစ်လွတ်စမ်းသပ်မှုမှာ ၎င်းတို့၏ ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကာ အမေရိကန်တို့ အနေဖြင့် ၎င်းတို့၏ ပိတ်ဆို့မှု တိုးတက်လုပ်ဆောင်ပါက ဟော်မုတ်ရေလက်ကြားကို ပတ်ဆို့ပစ်ရန် ပြောဆိုမှုအတွက် သက်သေပြချက် တစ်ခု လည်း ဖြစ်ကြောင်း သိရသည်။ 

0 comments:

Post a Comment


Popular Posts