'
အမိမြေ

အမေရိကန်တို့ အာရှ-ပစိဖိတ်ဒေသတွင် စစ်အင်အားတိုးချဲ့မည်


1572 Obama_Pledge_For_Leaner_US_Military
ဝါရှင်တန် (ဂျန်နဝါရီ ၅) - အမေရိကန်နိုင်ငံ အနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် စစ်အင်အားတိုးချဲ့ ချထားမည်ဖြစ်ကြောင်း အမေရိ ကန် သမ္မတ ဘားရက်ခ် အိုဘားမားက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံများအတွက် အမေရိကန်စစ်တပ်မှ အဆင်သင့်ရှိနေမည်ဖြစ်ပြီး၊ စစ်အေးခေတ် တိုက်ပွဲများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်တို့ အနေဖြင့် စစ်အသုံးစရိတ်များ လျော့ချရန် အစီအစဉ်မရှိကြောင်းလဲပြောဆိုခဲ့သည်။ ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း အမေရိကန် စစ်အင်အား တိုးချဲ့မှု ပုံမှန်ရှိလာခဲ့ရာ ယခင်အသုံးပြုမှုများထက် ပိုမိုသုံးစွဲသွားမည်ဟု သိရှိရသည်။ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့် တစ်နှစ်လျှင် စစ်အသုံးစရိတ်အတွက် ဒေါ်လာ ၆၀၀ ဘီလီယျံ ကို အိမ်ဖြူတော်မှ ထောက်ပံ့လျက်ကြောင်း သိရသည်။ နိုင်ငံ၏ အစိုးရကြွေးမြီ မြင့်မားနေချိန်တွင် စစ်အသုံးစရိတ်အများအပြားသုံးစွဲမှုကို လွတ်တော်အမတ်များ အကြား အငြင်း ပွားဖွယ်ရာ ဖြစ်ပေါ်ခဲ့သော်လည်း သမ္မတ အိုဘားမားက ရဲရဲဝံ့ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတွင်း အလုပ်လက်မဲ့ ဦးရေများပြားနေမှုကို ထောက်ပြလျက် ဝေဖန်သူများရှိနေရာ ၄င်းတို့အတွက် သမ္မတ သက်တမ်းမကုန်မီ အလုပ်အကိုင် အပြည့်အဝ ရစေရမည်ဖြစ်ကြောင်းလည်း အိုဘားမားက ကတိပေးထားသည်။ အီရတ်မှ အမေရိကန်တပ်တို့ အပြီး အပိုင်ဆုတ်ခွာပြီး၊ အာဖဂန်မှလည်း စစ်အင်အား လျှော့ချခဲ့သည်။ သို့သော် မငြိမ်သက်နိုင်သေးသော အာရှ-ပစိဖိတ် ​ဒေသနှင့် ရေပိုင် နက် ပြဿနာများအတွက် အမေရိကန်တို့ဝင်ရောက် ကူညီဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်တို့ အာရှ-ပစိဖိတ်ဒေသ စစ်အင်အားတိုးချဲ့ချထားမှုကို နေတိုးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 Ref : shwelone.com

0 comments:

Post a Comment


Popular Posts