'
အမိမြေ

အတိုက်အခံမီဒီယာအဖြစ် ရပ်တည်နေသော မဇ္ဈိမသတင်းဌာန ပြည်တွင်းသို့ဝင်ရန်စီစဉ်


ဆယ်စုနှစ်တစ်ခုကျော် အတိုက်အခံမီဒီယာအဖြစ် ရပ်တည်လာသည့် အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာနသည် မြန်မာပြည်တွင်းသို့ ၀င်ရောက်ကာ မီဒီယာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် အပတ်စဉ် ထုတ်ဂျာနယ်များ ဖြစ်သည့် မြန်မာပို့စ်ဂလို ဘယ်ဂျာနယ်နှင့် မြန်မာပို့ဏ်ဂျာနယ် တို့ကို ထုတ်ဝေနေသည့် ယူနိုက်တက်မီဒီယာဂရု(ပ်)နှင့် ပူးပေါင်းရန် စဉ်းစားမည် ဖြစ်ကြောင်း မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာ ဦးစိန်ဝင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားသည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် မီဒီယာလုပ်ငန်းများ လုပ်ကိုင်ခြင်းသည် အခွင့်အလမ်းများစွာရှိနေသဖြင့် မဇ္ဈိမသတင်းဌာနသည် ပြည်တွင်းသို့ ပြောင်းရွှေ့အခြေစိုက်ရန် စဉ်းစားရခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ အဆိုပါ သတင်းဌာနအနေဖြင့် ပြည်တွင်းတွင် တရားဝင်ရပ်တည်ခွင့်ရရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းရန်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူဖော်ပြသည် ။

0 comments:

Post a Comment


Popular Posts