'
အမိမြေ

အစိုးရနှင့် ကေအင်န်ယူ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန် နီးကပ်လာ

Photo

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) တို့ လာမည့်ဇန်န၀ါရီ ၁၂ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်းကျော် သေချာနေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောသည်။
“အဓိကကတော့ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေးမှာ။ သဘော တူညီချက်ရဖို့ ၉၅ ရာခိုင်နှုန်းကတော့ သေချာတယ်လို့ ထင်တယ်။ ၅ ရာခိုင်နှုန်းကတော့ ကံတရားပဲ
ပေါ့” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက သူ၏အမြင်ကိုပြောသည်။    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ရထားပို့
ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ကေအင်န်ယူလက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများ    နှစ်လအတွင်းသုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်က တတိယအကြိမ်  တွေ့ဆုံဆွေးနွေးမှုအပြီးစတုတ္ထအကြိမ်တွေ့ဆုံမှုကိုကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံရန်သဘောတူခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်တွင် ဦးအောင်မင်းနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေး နွေးခဲ့သေးသည်။
  
“ဆွေးနွေးပွဲပေါ်မှာ မူတည်ပါတယ်။ အဲဒီနေ့ကျရင်တော့သိရမှာပေါ့”ဟု ကေအင်န်ယူမှ အတွင်းရေးမှူး ဖရိုစောဒေးဗစ်တောကဘားအံ အစည်းအဝေးနှင့်ပတ်
သက်၍ မေးမြန်းမှုကို ဖြေကြားသည်။ ၎င်းက ဦးအောင်မင်းနှင့်ပတ်သက်၍လည်း အောက်ပါအတိုင်း သဘောထားမှတ်ချက်ပေးသည်။ “ပွင့်လင်းတယ်။ အစက
ပြောသလိုပဲ တာဝန်ယူနိုင်တဲ့ဟာကို (ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုများ) တာဝန်ယူနိုင်စွမ်းရှိတဲ့သူလို့ပဲ မြင်ပါတယ်”။
ဖရိုစောဒေးဗစ်တောကပင်တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း “ဦးအောင်မင်းနဲ့ တစ်ခါထက်တစ်ခါ ပိုပြီးရင်းနှီးမှုရလာတယ်။ သူကပွင့်လင်းတယ်။ ပြောသင့် ပြောထိုက်တာတွေ ပြောပါတယ်။ အလုပ်သဘောတွေတဲ့အချိန်မှာ ဘားအံမှာ ထပ်တွေ့ဖို့ သဘောတူညီချက်ရခဲ့တယ်။ သွားရေး၊ လာရေးမှာ လုံခြုံရေးရဖို့ ၀န် ကြီးဘက်က သဘောတူညီမှုရခဲ့တယ်။ သွားရေး၊ လာရေးဆိုတာက မြ၀တီကနေ ဘားအံကို သွားမယ့်အပိုင်းကိုပြောတာ”ဟု ၎င်းက ပြောသည်။
ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ဒီဇင်ဘာ ၂ ရက်က ရှမ်းပြည်တပ်မတော် တောင်ပိုင်း-  SSA   နှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

Ref : 7 Days News

0 comments:

Post a Comment


Popular Posts