'
အမိမြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါတီမှတ်ပုံတင်ခွင့်ပြုချက် ရရှိ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီမှတ်ပုံတင်ခွင့်ကို ယနေ့ (ဇန်န၀ါရီ ၅) ရက်စွဲဖြင့် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း NLD မှပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက 7 Day News သို့အတည်ပြုပြောကြားသည်။
“ဒီနေ့ရက်စွဲနဲ့ စာနဲ့အကြောင်းကြားလာပါတယ်။ မှတ်ပုံတင်ခွင့်ပြုချက်အမှတ် ၄၇ နဲ့ခွင့်ပြုလိုက်တာပါ”ဟု ဦးဥာဏ်ဝင်း ကပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့်ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကျပြီဖြစ်သဖြင့် လာမည့်တနင်္လာနေ့( ဇန်န၀ါရီ ၉ရက်) မှစတင်ကာ ပါတီဝင်ခွင့်ပုံစံများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပါတီနှင့်ပတ်သက်သော စာစောင်များ၊လက်ကမ်းစာစောင်များ ထုတ်ဝေသွားနိုင်ရန် ခွင့်ပြုချက်( နသ) ရရှိရန် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ယနေ့ပင်သွားရောက် လျှောက်ထားနေပြီဖြစ်ကြောင်းလည်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်ပါတီမှတ်ပုံတင်ခွင့်ကို၂၀၁၁ခုနှစ်ဒီဇင်ဘာ၂၃ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ သွားရောက် လျှောက်ထားခဲ့သည်။

0 comments:

Post a Comment


Popular Posts