'
အမိမြေ

နိုင်ငံတော် သီချင်းကိုပြတ်ရယ် ပြုကြသူများ

ခြေဆင်း

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ (သံပြိုင်)
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့မြေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ (သံပြိုင်)
ပြည်ထောင်စုအမွေ၊ အမြဲတည်တန့်စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိမ်းသိမ်းစို့လေ ...။"


သီချင်း (သံပြိုင်)

"ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)
ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ
ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)
ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ
ဒါ ဒို့ပြေ(ပြည်)၊ ဒါ ဒို့မြေ၊ ဒို့ပိုင်တဲ့မြေ
ဒို့ ... ပြေ(ပြည်)၊ ဒို့ ... မြေ အကျိုးကို
ညီညာစွာ ဒို့တတွေ၊ ထမ်းဆောင်ပါစို့လေ
ဒို့တာဝန်ပေ ...။
အဖိုးတန်မြေ ...။"


ဒီနေ့ သီးလေးသီး အဖွဲ့ရဲ့ အငြိမ့်တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော် သီချင်းကို ပြတ်ရယ်ပြု ထားတဲ့ RepMix သီချင်းတစ်ပုဒ်ကို ကြည့်လိုက် ရတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်သွားမိပါတယ် .. ငါတို့ မြန်မာလူမျိုးတွေ ဒီလောက်တောင် မျိုးချစ်စိတ် ခေါင်းပါးနေပြီလား လက်ရှိအစိုးရကို မကျေနပ်တာ တစ်ခုထဲနဲ့ လွတ်လပ်ရေး ရထဲက ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ နိုင်ငံတော် သီချင်းကို ပြတ်ရယ် ပြုဖို့ လောက်အထိ အသိစိတ်တွေ ခေါင်းပါးနေကြ ပြီလား ဒါမှမဟုတ် ဒီလူတွေ ကိုယ်တိုင်က နိုင်ငံတော် သီချင်း ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာကို မသိ နိုင်ငံခြားမှာ အနေကြာလို့ တိုင်းပြည်ချစ်စိတ် လူမျိုးချစ်စိတ်တွေပဲ ခေါင်းပါးကုန်ကြပြီလား ဆိုတာကိုတော့ သီးလေးသီး အဖွဲ့သားများ ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မယ်ထင်ပါတယ် .. ဒီလို တိုင်းသိပြည်သိ အနုပညာရှင်တွေ ကိုယ်တိုင်က လွတ်လပ်ရေးနဲ့ အတူမွေးဖွားလာခဲ့တဲ့ နိုင်ငံတော် သီချင်းကို  အလေးထားရကောင်းမှန်း မသိတာကတော့ အရမ်းကို အရှက်ရစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပါတယ် .. သီးလေးသီး ပြတ်ရယ် ပြုခဲ့တဲ့ နိုင်ငံတော်သီချင်း ဆိုတာ ဘယ်လို ပေါ်ပေါက်လာတဲ့ ဆိုတဲ့ သမိုင်းကြောင်းလေးကိုတော့ အားလုံးပဲ ဗဟုသုတရအောင် မသိသေးသူများလည်း အတုယူတက်အောင် ဆောင်းပါးလေး တစ်ပုဒ်အနေနဲ့ တင်ပြပေးလိုက်ပါတယ် ..

ကမ္ဘာမကြေ သီချင်းသည်ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာကသိသော သီချင်းဖြစ်ပါသည်။ သို့ရာတွင် သီချင်းရေးစပ်ခဲ့သူ၊ မွေးဖွားပေးခဲ့သူ၊ မူလပိုင်ရှင် အစစ်အမှန်ကိုတော့ သိသူမရှိသလောက်ဟုဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာမကြေ သီချင်းကို ရေးခဲ့သူမှာ စန္ဒရားဦးစိန်မြမောင် ဖြစ်ပါသည်။ ယခု သူကွယ်လွန်ခဲ့သည် မှာ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။ ဦးစိန်မြမောင်သည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားတွင် ကာလပေါ်နှင် ခေတ်ဟောင်းတေး စိစစ်ရေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ သူသည် ကဏ္ဍစုံ၊ ထောင့်စုံမှ ရသစုံ ပေါ်လွင်သော တေးသီချင်းပုဒ်ရေ တစ်ထောင်ကျော် ရေးသားသီကုံး ခဲ့သူ ၊ မော်ကွန်းဝင်( ပထမအဆင့်)၊ နှင့် ဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)တို့ကို ရရှိခဲ့သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ သည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက် ထိုနေ့ နိုင်ငံတော်အလံတင်ပွဲ အခမ်းအနားတွင် သီဆိုဖို့သီချင်း တစ်ပုဒ်လိုအပ်လာပါသည်။ သည်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ထိုနေ့ အခမ်းအနားတွင် သီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွှန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောပါသည်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွှန့် ကွယ်လွန်သွားပြီဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်းပြန်ခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင်ရေးပေးရန် ဦးစိန်မြမောင်ကို ထပ်မံတာဝန်ပေးလိုကပြန်ပ်ါသည်။ဦးစိန်မြမောင်သည် ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်၊ နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံခေါ်ဆောင်ခဲ့ပါသည်။ သူတို့အားလုံးစုစည်းရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့တိုင်ပင်ရာ ဆရာဦးစိန်ဝေလျှံ နှင့် စောင်ဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြားခဲ့ရပါသည်။ နောက်ထပ်သီချင်းရေးစပ်ဖို့ မည်သူ့ကိုမှစည်းရုံးမရတော့ဘဲဖြစ်ခဲ့ရပါသည်။ အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနု ထံ တင်ပြခဲ့ရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်ထဲရေးနိုင်ပါက ရေးပေးစေလိုကြောင်း ပြောကြားတာဝန်ပေးလိုက်ပါတော့သည်။ ဦးစိန်မြမောင် သည် ဦးနုအိမ်တွင် တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရပါတော့သည်။ သီးချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်းအသေးစိပ် စိစစ်ပြီး သီချင်းကိုအတည်ပြုခဲ့ကြပါသည်။ အကဲဖြတ်အဖွဲ့ ကအတည်ပြုပြီးနောက် ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့နှစ်ရပ်လုံးကပါ ထပ်ဆင့်အတည် ပြုခဲ့ကြပါသည်။ ထိုသို့ အဆင့်ဆင့် အတည်ပြုပြီးသော ကမ္ဘာမကြေ သီချင်းကိုမြန့်မာ့အသံမှ ဒါရိုက်တာဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်နေသော အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့ပါသည်။ သီချင်းသီဆိုသူက အဆိုတော်ရွှေညာမောင် ဖြစ်ပါသည်။ ထိုသို့ ဖြင့် ကမ္ဘာမကြေ သီချင်းသည် မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီဂျက်အလံဖြုတ်ချ ပြီး မြန်မာနိုင်ငံတော်အလံ လွှင့်ထူ၇မည့်အချိန်တွင် သီဆိုရမည့် နိုင်ငံတော် သီချင်းဖြစ်လာပါတော့သည်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင် သည် ကမ္ဘာမကြေ သီချင်းဖြင့်ဝဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ ဦးစိန်မြမောင်က သူမကွယ်လွန်မီ ကမ္ဘာမကြေ သီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့ သဖြင့်ယနေ့နိုင်ငံတော်က သူ့အား ဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။"




နိုင်ငံတော်သီချင်းကိုသီးလေးသီးက ဒီလိုသရော်ခဲ့တယ်

20 comments:

Anonymous said...

very good song

kabarmakyay.bloger said...

ဒါအကုန်ဘဲလား။ ဗိဒီယို ကလစ်က ဒါဘဲ ဆိုရင်တော့ သူတို့သရော်တာက နိုင်ငံတော်သီချင်းကိုမဟုတ်ဘူး RAP-Mix တွေကိုသရော်တာကို လူကြီးမင်း အထင်လွဲသွားတာပါ။

Anonymous said...

ဘာများမှားနေလို့လဲ ဆရာကြီးရယ်။

Anonymous said...

I didn't see they did wrong as you said. May be you are too sensitive.

Anonymous said...

မြန်မာပြည်..ဒါဒို့ပြည်..ဒါဒိုမြေဆိုပြီးတော့ ဘာဆက်လာလဲဆိုတော့ ချုံးချုံးကျနေပြီတဲ့.....နောက်ပြီးတော့ ဘာဆက်လာလည်းဆိုတော့ ...ဟာသွားပြီသွားပြီတဲ့...မြင်အောင်ကြည့်တတ်ရတယ်ဗျ...ဆိုလိုရင်းကိုတောင်သဘောမပေါက်တာ....ဘယ်လိုများဘလော့ထောင်ပြီး post တွေတင်နေလဲမသိဘူး.......

Anonymous said...

အနပညာ ရဲ့ ဆိုလိုရင်းကို နားမလည်တတ်ရင် နားမလည်သလိုပဲ နေပါကွာ။
လျှောက်ခံစားပြီး စွတ်ရေးနေတော့ စောက်ရူး ဖြစ်နေတာပေါ့။

Anonymous said...

post ရေးတဲ့သူက သူလိုချင်တာကို လျှောက်ပြောလျှောက်ရေးနေတာပါ ခွင့်လွှတ်ပေးလိုက်ပါ အသိခေါင်းပါးနေလို့ဖြစ်မှာပါ

Anonymous said...

ဘာမှ မမှားဘူးလားလို့ ... နိုင်ငံတော် သီချင်း ကို သရော်တာ မဟုတ်ဘူးဗျ အခုလက်ရှိ အခြေအနေကို ပြောချင်တာ... ကိုယ့်ဘလောဂ့် မို့ ကြိုက်တာ ရေးတာ ကွာ ဆိုရင်တော့ ဖတ်မိတဲ့ကျွန်တော်တို့ ကပဲ မှားတာပေါ့ဗျာ

Anonymous said...

အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တန်ဖိုးထားလို့ အမြတ်တနိုးနဲ့ ဘယ်လို သရော်စာတွေမှာမှ မသုံးကြသလို တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံတော် သီချင်းကိုလည်း သရော်စရာတစ်ခုအနေနဲ့တော့ မသုံးသင့်ဘူးလို့ ထင်ပါတယ် .. ပြတ်စရာပြတ်လုံးတွေ အများကြီးပါ ..

Anonymous said...

ဟုတ်ပါတယ်ဗျာ။ဘယ်လိုအနုပညာရှင်ပဲဖြစ်ဖြစ်။နိုင်ငံတော်သီချင်းကိုပြက်လုံးမထုတ်သင့်ပါဘူး။အရင်တုန်းကဆိုရင်ဘယ်အခန်းနားပဲဖြစ်ဖြစ်နိုင်ငံတော်သီချင်းဖွင့်သံကြားတာနဲ့မတ်တပ်ရပ်ပြီး
သတိဆွဲအလေးပြုကြတယ်။ဒီလောက်ထိရှေးလူကြီးတွေတန်ဖိုးထားခဲ့ကျတယ်။နိုင်ငံတော်ကိုချစ်ခဲ့ကျတယ်။ဒါကိုတောင်ဒီလိုပြက်လုံးလိုလုပ်တာကိုထောက်ခံနေမယ်ဆိုရင်တော့ ဒီလိုလူမျိုးတွေဟာမြန်မာစစ်လားဆိုတာကိုစဉ်းစားရတော့မယ်ထင်တယ်။နိုင်ငံကောင်းအောင်အားမနာတန်းဝေဖန်တာကိုကြိုက်ပါတယ်။ဒါပေမယ့်ဘိုးဘွားတွေအသက်ပေါင်းများစွာ၊လူမသိသူမသိစတေးပြီးယူထားတဲ့လွတ်လပ်ရေးသီချင်းကိုမသရော်ပါနဲ့ဗျာ။သွေးစိမ်းအန်သွားပါလိမ့်မယ်။နိုင်ငံတော်သီချင်းရဲ့အဓိပ္ပာယ်အနှစ်သာကိုတောင်သေသေချာချာမသိပဲနဲ့လဲသေ၇ာ်တာမဟုတ်ဘူး။လက်ရှိအခြေနေကိုပြောတာလို့ပြောတဲ့လူဟာလဲဦးနှောက်မပြည့်လို့ပြောတာပါဗျာ။လက်ရှိမှာအားလုံးတက်ညီလက်ညီလုပ်နေကျပါပြီ။သရော်စာရေးရင်တခြားနည်းနဲကသရော်ပါဗျာ။မြန်မာမျိုးချစ်အာဇာနည်တွေရဲ့အသက်ပေါင်းမြောက်များစွာ။ဘ၀ပေါင်းမြောက်များစွာစတေးခဲ့လို့ဒီလိုနေလို့ရတာပါ။ဒီလွတ်လပ်ရေးကြိုးပမ်းတုန်းကဘ၀တွေကိုပြန်မြင်ယောင်ပြီ ခင်ဗျားတို့တွေလဲလွတ်လပ်ရေးနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုတန်ဖိုးထားနိုင်ကြပါစေ။စေတနာစကားပါဗျာ။နိုင်ငံရေး၊အဖွဲ့အစည်းရေးမပါတဲ့တိုက်တွန်းမှုပါ။အသေခံဗုံခွဲပြီးနိုင်ငံအတွက်မစတေးရင်နေပါ။ဒါပေမယ့်နိုင်ငံကိုတော့ချစ်တတ်ကျပါစေဗျာ။ဆုတောင်းပါတယ်။

Anonymous said...

ကျွန်တော်တို့ မျိုးချစ်မြန်မာများက ဒီလိုမျိုး ကျွန်တော်တို့ တစ်မျိုးသားလုံး တန်ဖိုးထားရတဲ့ နိုင်ငံတော်သီချင်း ကို ပျက်လုံးတစ်ခုအနေနဲ့ အသုံးပြုနေတာကို ထိုင်မကြည့်သင့်ကြဘူးထင်တာပဲ တမျိုးသားလုံးက ဒီလိုမျိုး မဖြစ်သင့်တာလေးတွေကို ၀ိုင်းဝန်းပီးတော့ မျိုးချစ်စိတ်လေးနဲ့ တားဆီးပေးကြပါလားဗျာ....နိုင်ငံတော်ကောင်းဖို့အတွက် လုပ်ပါ အားပေးပါတယ် ဒါပေမဲ့ ရှေ့မြန်မာများ ကျွန်တော်တို့ အဘိုးအဘွားတွေ အသက်သွေးချွေး တင်မက အများကြီးရင်းနှီးပြီးတော့ ယူခဲ့ရတဲ့ လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံးက တန်ဖိုးထားရတဲ့ နိုင်ငံတောင်သီချင်းကိုတော့ ပျက်လုံးတစ်ခုအဖြစ်အသုံးမပြုကြပါနဲ့ဗျာ...မဖြစ်သင့်လို့ပါ

Anonymous said...

ဟုတ်ပါတယ်ဗျာ။ဘယ်လိုအနုပညာရှင်ပဲဖြစ်ဖြစ်။နိုင်ငံတော်သီချင်းကိုပြက်လုံးမထုတ်သင့်ပါဘူး။အရင်တုန်းကဆိုရင်ဘယ်အခန်းနားပဲဖြစ်ဖြစ်နိုင်ငံတော်သီချင်းဖွင့်သံကြားတာနဲ့မတ်တပ်ရပ်ပြီး
သတိဆွဲအလေးပြုကြတယ်။ဒီလောက်ထိရှေးလူကြီးတွေတန်ဖိုးထားခဲ့ကျတယ်။နိုင်ငံတော်ကိုချစ်ခဲ့ကျတယ်။ဒါကိုတောင်ဒီလိုပြက်လုံးလိုလုပ်တာကိုထောက်ခံနေမယ်ဆိုရင်တော့


ရှေးလူကြီးတွေသာအဲဒီပွဲမှာရှိရင်အဲဒီကောင်တော့သေပြီသာမှတ်ပဲ

Anonymous said...

ဒါဆိုရင်......ခင်ဗျာလိုလက်ပေါက်ကပ်ပြီးပြောမယ်..၁.နိုင်ငံကိုချစ်လို့ လူတွေစုပြီးနိုင်ငံတော်သီးချင်းကို ဆိုတာကို....နိုင်ငံတော်ဆူပူအောင်လုပ်တယ်ဆိုပြီးပိတ်ပင်တယ်....၂..ခင်ဗျာပြောတဲ့ ရှေးလူကြီးတွေတန်ဖိုးထားတဲ့ နိုင်ငံတော်သီးချင်းကို...အခုခေတ်လူတွေတန်ဖိုးမထားတတ်အောင်လုပ်တာ...နိုင်ငံတော်ကိုအုပ်ချုပ်မင်းလုပ်တဲ့သူတွေပါပဲ....တံငါနားနီးတံငါ..မုဆိုးနားနီးမုဆိုး...၃..အေးနောက်ဆုံး..သရော်ခဲ့ မယ်ဆိုရင်တောင် ကိုယ့်နိုင်င်ံမကောင်းလို့ သေ၇ာ်တာ..ကိုယ့်နိုင်ငံမကောင်းတာ...နိုင်ငံအုပ်ချုပ်သူတွေမကောင်းလို့ .....နိုင်ငံတစ်ခုလုံးတောင်..သူတောင်းစားဖြစ်နေတာ....နိုင်ငံတော်သီးချင်းပျက်မှာလဲမဆန်းဘာဘူး....အကျိုးရှိလို့ အကြောင်းရှိတာ......

Anonymous said...

ဒီလိုသီချင်းဆိုတာကတော့ဗျာ.. လွန်ကိုလွန်တယ်.. ကဲဘယ်နိုင်ငံကိုကြည့်မလဲ သူတို့နိုင်ငံတော် သီချင်းကိုတော့အလေးအမြတ်ထားကြတဲ့လူတွေချည်းပါပဲဗျာ..
ကိုယ့်နိုင်ငံကို.. လူတွေမြင်လာအောင်ပျက်ချင်တယ်ဆိုလဲ..ဒ
ီလိုမဟုတ်တဲ့ပျက်လုံးတွေအများကြီးပါဗျာ.. အော်ငယ်ငယ်ကအတန်းထဲမှာ နိုင်ငံတော်သီချင်းဆိုရင်း ဟိုကြည့်ဒီကြည့်ကြည့်မိရင်တောင်မှ.. မှတ်ထားပြီးရိုက်တက်တဲ့. ကျွန်တော်တို့ငယ်ဆရာ/ဆရာမတွေတွေ့ရင်တော့လေ.... အတော့်ကိုယူကြုံးမရနဲ့. ၀မ်းနည်းသွားပါလိမ့်မယ်.. ဒီလိုဆိုတဲ့လူတွေကိုကော သူတို့ကို မိဘဆရာသမားတွေကဘာမှမဆုံးမခဲ့ ကြဘူးနဲ့တူပါတယ်...အေးပေါ့လေ.. စကားပုံတောင်
ရှိသေးတာပဲ အဖရုတ်တော့ကိုကြမ်း၏ အမိရုတ်တော့နှုတ်ကြမ်း၏တဲ့... နားလည်ပေးလို့ရပါတယ်

Anonymous said...

အပေါ်ကနောင်တော်ကြီးခင်းဗျားပြောတဲ့(1)နိုင်ငံတော်ကိုချစ်လို့လူတွေစုပြီးနိုင်ငံတော်သီချင်းဆိုတာကိုနိုင်ငံတော်ဆူပူအောင်လုပ်တယ်ဆိုပြီးပိတ်ပင်တယ်လို့ခင်ဗျားပြောတယ်နော်။အဲဒီနိုင်ငံတော်သီချင်းဆိုတဲ့ထဲမှာနိုင်ငံတော်ကိုချစ်လို့ပါဆိုပြီးခံယူချက်ပြင်းပြင်းနဲ့ကြက်သီးထမတတ်ခံစားပြီးဆိုတဲ့လူဘယ်နှယောက်ပါသလဲလို့သိချင်ပါတယ်။ပြီးတော့ဘယ်လိုနေရာမျိုးမှာသွားဆိုတာလဲ။ဘယ်လိုလူမျိုးတွေကဘယ်အချိန်မှာဘယ်လိုမျိုးအကြောင်းကြောင့်ဆိုတာလဲ။နိုင်ငံတော်ကိုချစ်လို့ဆိုတာပါဆိုတဲ့အပြောမျိုးကိုတော့မူလတန်းကျောင်းသားတောင်ပြောတတ်တယ်။(2)ရှေးလူကြီးတွေတန်ဖိုးထားတာကိုနောက်ခေတ်လူငယ်တွေတန်ဖိုးမထားတတ်အောင်လုပ်တာနိုင်ငံတော်ကိုအုပ်ချုပ်မင်းလုပ်တဲ့လူတွေပါပဲ-----တံငါးနားနီးတံငါမုဆိုးနားနီးမုဆိုးလို့ဆိုခဲ့တယ်နော်။နိုင်ငံအုပ်ချုပ်သူတွေကဘာတွေများတန်းဖိုးမထားတတ်အောင်လုပ်လို့လဲ။စစ်အစိုးရအုပ်ချုပ်ချိန်မှာတောင်ကျောင်းတွေမှာနိုင်ငံတော်သီချင်းကိုဆိုစေခဲ့တာ။တပ်မတော်တစ်ခုလုံးမှာလဲမနက်တိုင်းနိုင်ငံတော်အလံကိုတလေးတစားအလေးပြုနေခဲ့တာတစ်ရက်မှမပြတ်ခဲ့ဘူး။ဒါတင်မဟုတ်ဘူးနော်။ရှေ့တန်းစစ်မြေပြင်မှာအခက်အခဲအရမ်းကိုကြပ်နေတဲ့အချိန်မှာတောင်ကိုယ့်အသက်ကိုနိုင်ငံတော်သီချင်းဆိုကြီးစတေးပြိးမြန်မာ့မြေတစ်လက်မလောက်ကိုတိုက်ယူသွားတဲ့တပ်မတော်သားတွေအများကြီးရှိတယ်။လက်ပေါ်မှာအော်နေတာမဟုတ်ပါဘူး။လိုအပ်တဲ့နေရာမှာအသက်ကိုတောင်ဂုဏ်ယူစွာနဲ့နိုင်ငံတော်သီချင်းသီဆိုပြိးစတေးသွားတာပါ။(3)နိုင်ငံအုပ်ချုပ်သူတွေမကောင်းလို့နိုင်ငံတစ်ခုလုံးတောင်သူတောင်းစားဖြစ်နေတာနိုင်ငံတော်သီချင်းပျက်တာမဆန်းပါဘူးလို့ပြောတာတော့်တော်တော့်ကိုမိုက်ရိုင်းလွန်းတယ်ဗျာ။ကျုပ်မေးပါအုံးမယ်။စစ်အစိုးရကထုတ်တဲ့အမိန့်မလို့မတရားဘူးလို့ပြောပြောနေပြီးတော့ခင်းဗျားတို့တွေကကောဘယ်လောက်များစည်းကမ်းရှိကျလို့လဲ။အမိုက်မပစ်ရဆိုရင်ပစ်တယ်။လူမရှိလောက်ဘူးထင်ရင်အကုန်လုပ်တယ်။အလုပ်ကျတော့်မလုပ်ချင်ဘူး။မကြိုးစားကျဘူး။ငတ်တယ်လို့အော်နေတယ်။ဒါတောင်စီးပွားရေးပိတ်ဆိုးထားတဲ့အထဲကနေခင်ဗျားတို့ပြည်သူတွေကိုကျွေးမွေးလာရတာပါ။စီးပွားရေးပိတ်ဆို့ခံရတဲ့တခြားနိုင်ငံတွေနဲ့ကျုပ်တို့နိုင်ငံနဲ့အကွာကြီးပါဗျာ။မဖြစ်လို့ဖြစ်သလိုလုပ်ပါတယ်လို့ပြောအုံးမလား။မဖြစ်နိုင်ဘူးဆိုတာမရှိဘူလို့ဆိုပြီးခင်ဗျားတို့ကြိုးစားဘူးသလား။အပြစ်ပြောဖို့လောက်သာကြည့်တတ်တဲ့ခင်ဗျားတို့ဦးနှောက်တွေကပုဇွန်ဦးနှောက်ထက်ပိုညစ်ပတ်ပါတယ်ဗျာ။ကိုယ်တောင်ဘယ်လောက်ကောင်းသေးလို့လဲလို့ကြည့်ကြပါ။တစ်ဦးတစ်ယောက်ချင်းကောင်းလာတဲ့တစ်နေ့တော့ခင်ဗျားတို့ကျုပ်တို့မျှော်လင့်တဲ့ချမ်းသာတဲ့နိုင်ငံတော်ကြီးဖြစ်လာမှာမလွဲပါဘူးဗျာ။အပေါ်ကနောင်တော်တွေးတတ်ပါစေ။လူပျက်တစ်ယောက်လိုအပြောမျိုးကခင်ဗျားမှဂွတိုက်တတ်တယ်မဟုတ်ပါဘူးကျူပ်လဲဂွတိုက်တတ်တယ်။သဘောပေါက်ပါ။ရှက်တတ်ရင်တော့လဲတောင်သေသင့်ပါတယ်ဗျာ။

Anonymous said...

အသိမရှိလို့ဒီလိုရေးကြ၊ဆိုကြတာပါ။

Anonymous said...

မဆလ နဝတ အာဘော်နဲ့လျှောက်ရေးနေတာ ။ အလွန်ခဲ့တဲ့ ၅ နှစ်လောက် က အဲလိုရေး ပြီး သတင်းစာ ထဲမှာ ပါအောင်ထည့်နိုင်ရင် မြေကွက်လေး ဆိုင်ခန်းလေးတော ရ နိုင်တယ်။ ကောင်လေး ကြိုးစားထား ( ခေတ်ကြီးနောက်ပြန်လှည့်ရင် မင်း အိုင်ဒီယာတွေ အသုံးဝင်နိုင်တယ်။ ) အခုတော့  အောင်ဖျာလိပ်ပေတော့.

Anonymous said...

စိတ်မရှိကြပါနဲ့ဗျာ ဒီပို့ စ်ကိုတာဝန်ယူ ရေးနေရတဲ့ စစ်ခွေးလောင်းလေးတွေက မြန်မာ့စစ်ခွေးတပ်မှာ စာအတော်ဆုံးနဲ့  အထက်မြက်ဆုံး သူတွေပါ။ ကျန်တာတွေကတော့ မုဒိန်းကျင့်ပြီး အဖမ်းခံရမှာစိုးလို့ စစ်ထဲဝင်လာသူနဲ့ ၊ မိဘက မထိန်းနိုင်လို့  စစ်ထဲထည့်လိုက်တဲ့ အမျိုးယုတ်လေးတွေပါ။

Anonymous said...

ဘုရားတောင် ပျက်လုံးထုတ်တဲ့သူတွေရှိတယ်
အောက်တန်းကျတယ်၊ အကျင့်တူချင်းတော့ ထောက်ခံပေမပေါ့ကွယ်

Anonymous said...

နိုင် ငံ တော် ကို စော် ကား တဲ့ လူ တွေ အား လုံး ကို လီး ပဲ၊မျိုး
ဖျက် တွေ က သူ တို့ ပ ထွေး တွေ ၀မ်း သာ အောင် လေ လည်
ပြ နေ တာ၊ မင်း တို့ ကောင် တွေ က ရော တိုင်း ပြည် အ တွက်
ဘယ် လောက် လုပ် နိုင် လို့ လဲ၊ စစ် တပ် သာ မ ရှိ ရင် မင်း တို့
မအေ နှစ်မ တွေ သူ ပုန် လိုး တာ၊ နိုင် ငံ ခြား သား လိုး တာ ခံ
နေ ရ ပြီ

Post a Comment


Popular Posts