'
အမိမြေ

ကျူးဘား အစိုးရမှ အကျဉ်းသား သုံးထောင်ခန့်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်

ကျူးဘား သမ္မတ ရာအူး ကာ့စထရို (ညာ) နှင့် သူ၏မြေးတော်ပြီး သူ၏သက်တော်စောင့်လည်း ဖြစ်သည့် ရာအူး ဒိုမင်းဂဲ့စ် ကာ့စထရို (Raúl Dominguez Castro )
ကျူးဘား သမ္မတ ရာအူးလ် ကာ့စထရို (Raúl Castro) သည် အကျဉ်းသား ၃၀၀၀ အား လွှတ်ပေးမည့် အစီအစဉ်အား ထုတ်ဖော်ပြောကြားလိုက်သည်။ လက်ရှိအစိုးရ၏ သမိုင်းကြောင်းတွင် လူအရေအတွက် အများဆုံးဖြစ်မည်။ သို့ရာတွင် ထိုသူတို့ထဲတွင် အကျဉ်းကျနေသည်မှာ နှစ်နှစ်ရှိနေပြီးဖြစ်သော အမေရိကန်ပြည်ထောင်စုသား အလန် ဂရော့စ် (Alan Gross) မပါရှိပါ။
လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ နိုင်ငံခြားသား ၈၆ ယောက်လည်းပါသည်။ လာမည့် နေ့ရက်များတွင် စတင်လွှတ်ပေးမည်ဟု သောကြာ (၂၃.၁၂.၂၀၁၁) နေ့ အမျိုးသားလွှတ်တော်တွင် မိန့်ခွန်းပြောစဉ် သမ္မတက ပြောသည်။ နိုင်ငံခြားသို့ ခရီးသွားခြင်းကိစ္စများတွင်ရှိနေသော အကန့်အသတ်များအား တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲပေးမည်ဟု သူကကတိပေးသည်။


သမ္မတ ရာအူးလ် ကာ့စထရို (ဘယ်) နှင့် ဒုတိယသမ္မတ ဟိုစေး ရာမွန်း မာချာဒို (José Ramón Machado) တို့ လွှတ်တော်တက်ရောက်နေစဉ်
အမေရိကန် နိုင်ငံခြားရေးဌာန၏ ကန်ထရိုက် လုပ်ငန်းလုပ်သူ အသက် ၆၂ နှစ်ရှိ၊ အလန် ဂရော့စ် (Alan Gross) သည် သူလျှိုလုပ်မှုဖြင့် စွပ်စွဲခံရပြီး ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ အကျဉ်းကျနေရာ၊ ယခု လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် မပါကြောင်း အမေရိကန်ပြည်ထောင်စု ဘက်မှ ပြောသည်။
ကျူးဘား ကွန်မြူနစ်အစိုးရ လက်ထက်တွင် ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ လူအရေအတွက်အများဆုံး ဖြစ်ပြီး ၁၉၉၈ ခုနှစ် ယခင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန် ပေါလ် အလည်အပတ်ခရီးစဉ် မတိုင်မီ လွှတ်ပေးသော လူအရေအတွက် ၂၉၉ ယောက်ထက် ပိုများသည်။
အလန် ဂရော့စ် (Alan Gross) သည် အမေရိကန်နိုင်ငံခြားရေးဌာန ကန်ထရိုက်အရ ကျူးဘားရှိ ဂျူးလူမှုအသိုင်းအဝန်းသို့ လက်(ပ်)တော့ကွန်ပျူတာများနှင့် ဆက်သွယ်ရေးကိရိယာများ ပေးပို့မှုကြောင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသည်။

 လွှတ်ပေးသော အကျဉ်းသားများထဲတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ နိုင်ငံခြားသား ၈၆ ယောက် ပါမည်ဟု သမ္မတ ရာအူးလ် ကာ့စထရိုက ပြောသည်။

 Ref : မြန်မာသတင်းရပ်ဝန်း

0 comments:

Post a Comment


Popular Posts