'
အမိမြေ

၂၀၁၃ နှင့် ဒေါ်အောင်ဆန်းစုကြည်



၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကြားဖြတ် ရွှေးကောက်ပွဲ ပြုလုပ်ရန် အတွက် ၁၆/ ၂၀၁၁ နှင့် ၆၂/ ၂၀၁၁ အမိန့်အမှတ်အရ ကြေညာစာတမ်းကို ဖတ်ပြီးနောက် စိတ်ကူးထဲကို အတွေးတစ်ချို့ဝင်လာသည်။ အကယ်၍ ဧပြီလတွင် လွှတ်တော် ခေါ်ယူမှုပြုလုပ်ပြီးနောက်ဆိုလျှင် အနည်းဆုံး ပုံမှန်လွှတ်တော် နောက်ထပ် တစ်ကြိမ်အား ၂၀၁၃ခုနှစ် အရောက်၌သာ ကျင်းပ နိုင်တော့မည် ဖြစ်သည်။ အထူးကိစ္စ အကြောင်းအရာများ သာမရှိခဲ့ပါမှု  ကြားဖြတ် ရွှေးကောက်ပွဲတွင် အနိုင်ရရှိမည့် လွှတ်တော် အမတ်များကို ပြည်သူက ၂၀၁၃ တွင်သာတွေ့မြင်     ခွင့်ရမည်ဖြစ်သည်။ လွှတ်တော်ကို ဘာတွေ တင်သွင်းကြမလဲ ဆိုတာ ၂၀၁၂ တစ်နှစ်လုံး စိတ်နှလုံး ဒုံးဒုံးချပြီး စောင့်ရုံသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲကို တစ်ခုခုမှ ၀င်ရောက် ယှဉ်ပြိုင်ပါက နိုင်ငံရေး ဆယ်လစ်ဘရစ်တီ (ကျော်ဇောသူ) တစ်ဦးဖြစ်သဖြင့် တစ်ဘက်ပါတီ ပြိုင်ဖက်များ အတွက် အခက်အခဲ ရှိလာနိုင်ဖွယ်ရာရှိ နေသည်။   မြန်မာလူမျိုးတို့၏ မျက်စေ့မှိတ်ယုံစားတတ်မှုနှင့် အများညီဤကိုကျွဲဖတ်တတ်သည့် အကျင့်က ပြိုင်ဖက်ပါတီဝင်များ အားစိုက်၇မည်ဖြစ်သည်။ ပြည်သူများယုံကြည်မှု     ရရှိရန်  အားအင်ထည့်လုပ်ဆောင်ပါကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ဇောမှုကို ဖုံးလွှမ်းနိုင်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ၀င်         ရောက်အရွှေးခံမည့်မဲဆန္ဒနယ်မှ အခြားရွှေးကောက်ပွဲပါတီများ စိတ်ဓာတ်ခွန်အားလျှော့ကျစရာ မလိုချေ။ ပြိုင်ဖက်က အားကြီးနေသော်လည်း ကိုယ်က စေတနာမှန်လျှင် ကိုယ့်စေတ            နာအကျိုးပေးမည်သာဖြစ်သည်။
စာရေးသူက သတင်းသမားပါ။ဘယ်ဘက်ကိုမှလိုက်ပြီး ရေးနေခြင်းမဟုတ်ပါ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရရှိသွားပြီဆိုပါက ထူးထူးခြား  အခြေအနေမရှိပါက လွှတ်တော်ကို(ယခု သမ္မတဦးသိန်းစိန်လက်ထက်၌) ၃ ကြိမ်သာတက်ရောက်ခွင့်ရတော့မည်ဖြစ်သည်။လွှတ်တော်၌ သူမအလုပ်လုပ်နိုင်ခွင့်(၃)   ကြိမ်သာရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနာတာရှည် ရောဂါများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုနှင့် ဖယ်ဒရယ်မူ၊ ဆင်းရဲမှုပပျောက်ရေးနှင့်  လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ ကိစ္စ၊ အကျင့်ပျက်ခြစား ၀န်ထမ်းကင်းရှင်းပ ပျောက်ေ၇း၊ ပညာရေးအဆင့်အတန်းမြင့်မားပါလျှက်နှင့် နိမ့်ကျနေသောသင်ကြားပို့   ချမှုနှင့် လက်ခံသင်ယူမှု ၊ အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်နေသည့် ပုဂ္ဂိလိက ဆေးရုံများနှင့် အစိုးရဆေးရုံများ၏ အဆင့်အတန်း ၊ ဥပဒေနှင့် စည်းကမ်းကို တိတိကျကျ မလိုက်နာနိုင် သေးသည့် မြန်မာ့လူ့ အဖွဲ့အစည်းအစ ရှိသည်တို့ထဲမှ တစ်ချက်ကိုပင်ဖြေရှင်းနိုင်ပါက နောက်သက်တမ်းတွင် လွှတ်တော်အတွင်းသို့ ကျန်သည့် ကိစ္စရပ်များကို ရှင်းလင်းနိုင်ရန် ၀င် ရောက်နိုင်မည်ဖြစ်သည်။ အထက်ပါကိစ္စရပ်များကို မဟာဗျူဟာမြောက်ဆင်နွဲပြီးနောက် သေနင်္ကဗျူဟာမြောက်အဖြစ် စီးပွားရေးလက်ဝါးကြီးအုပ်နေ သော ခရိုနီများအရေး ၊ ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့များက ဒေသတွင်းစီးပွားရေးလုပ်ငန်းဝင်ရောက်လုပ်ကိုင်မှု ၊ အရည်အချင်းမပြည့်မီသော အောက်ခြေအဆင့်အုပ်ချုပ်မှု အာဏာပိုင်များအား အရည်အသွေး မြှင့်တင်ပေးရေး နယ်စပ်ဒေသရှိ ကုန်စည်ကူးသန်းမှုမျှခြေမရှိခြင်းတို့အား ဆက်လက်ဖြေရှင်းပေးရတော့မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လွှတ်တော်အတွင်းသို့ ပြောရဲ ၊ ဆိုရဲပြီး ကိုယ့်ကိုကိုယ်တာဝန်ယူရဲသော ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာလျှင်ပင် ကျေးဇူးတင်ရပါမည်။ သတင်းသမား တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ လွှတ်တော်တွင် မိမိကို ရွေးကောက်တင်မြှောက်ထားသည့် မဲဆန္ဒနယ်၏ အကျိုးစီးပွား ၊ တိုင်းပြည်၏ အနာဂတ်အရေးကိုပြောဝံ့ ၊ ဆိုဝံ့ရှိသည့် မည်သည့်ကိုယ်စားလှယ်မဆို ကြိုဆိုလိုက်ပါကြောင်း။
ဆောင်းအေးချမ်း

0 comments:

Post a Comment


Popular Posts