'
အမိမြေ

ရုရှားပါလီမန်ရွေးကောက်ပွဲနှင့် တိုးပွားလာသည့်ဆန္ဒပြမှုများ


 
ရုရှား၌ ဒီဇင်ဘာလတွင်ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြနေကြသည့်လူထုကြီး။
ဓာတ်ပုံ-အေအက်ဖ်ပီ
မော်စကို- လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ က ဆိုဗီယက်ရုပ်မြင်သံကြားမှ တစ်ဆင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံ (USSR) ၏ သမ္မတအဖြစ် မှနုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့သည့် သမ္မတဟောင်း ဂေါ်ဘာချက်ဗ်သည် ဗလာဒီမာပူတင်အား ဤလမ်းစဉ် အတိုင်း လိုက်နာရန် မေတ္တာရပ်ခံ လိုက်သည်။
ယူအက်အက်စ်အာရ် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေးစနစ် များ ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့ သော်လည်း အချည်းအနှီးဖြစ်ခဲ့သည်ကို ၀န်ချတောင်းပန်ကာ သမ္မတ ဂေါ်ဘာ ချက်ဗ်သည် မိမိ၏ဆန္ဒအရ သမ္မတ ရာထူးမှ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် နုတ်ထွက် ခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်က ပူတင်၏ ရုရှားနိုင်ငံအပေါ် လွှမ်းမိုးမှုအပေါ် အကြီး မားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ရာ ပူတင် အား ရာထူးမှစွန့်လွှတ်ရန် ပြောခဲ့သည့် ဂေါ်ဘာချက်ဗ်သည် အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
ဂေါ်ဘာချက်ဗ်သည် ရုရှားနိုင်ငံ၏ အဓိကအတိုက်အခံ သတင်းစာ Novaya Gazeta ၏ တွဲဖက်ပိုင်ရှင် ဖြစ်သော်လည်း သူသည် ယျေဘုယျ အားဖြင့် ၂၀၀၈ ခုနှစ်အထိ ပူတင်၏ သမ္မတသက်တမ်း နှစ်ကြိမ်နှင့် လက်ရှိ ၀န်ကြီးချုပ်အား ထောက်ခံမှုရှိခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲ နောက်ပိုင်း ဂေါ်ဘာချက်ဗ်သည် ပူတင်အား သိသိသာသာ ဆန့်ကျင်ခဲ့ သည်။
ဤရွေးကောက်ပွဲအား ကုလားဖန် ထိုးခဲ့သည်ဟု အတိုက်အခံဘက်က ပြောကြသည်။ ကျန်းမာရေးအခြေအနေကြောင့် ဒီဇင်ဘာလ ၂၄ ရက်က လူထု စုရုံးပွဲသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သော် လည်း ဂေါ်ဘာချက်ဗ်သည် ဆန္ဒပြသူ များထံသို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
ဤဆန္ဒပြလှုပ်ရှားမှု အသစ်ကို အသက်ရှင်နေစဉ် တွေ့ရသဖြင့် စိတ်အားတက်မိကြောင်း အသက် ၈၀ အရွယ်ရှိ ဂေါ်ဘာချက်ဗ် ကဆိုသည်။
ရုရှားနိုင်ငံ၏ လက်ရှိအခြေအနေကို ဂေါ်ဘာချက်ဗ်က ၁၉၈၀ ပြည့်လွန်နှစ်များ ကုန်ဆုံးခါနီး ကွန်မြူနစ် ပိုလန်နိုင်ငံနှင့် နှိုင်းယှဉ် ထားသည်။
ထိုအချိန်က သွေးစည်းညီညွတ်မှုသူငိမေငအပ အဖွဲ့၏ ဆန့်ကျင်လှုပ်ရှား ဆန္ဒပြမှုများကြောင့် ဗိုလ်ချုပ်ကြီး ရာရူဇဲလ်စကီး၏ အစိုးရ အား ယိမ်းယိုင်စေခဲ့သည်။
ရုရှားနိုင်ငံအပေါ် ဗလာဒီမာပူတင် ၏ လွှမ်းမိုးမှုအား ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်ရလာမှုကိုကြည့်လျှင် ပူတင်သည် ပြောင်းလဲမှုကို မလုပ်ပါက အာဏာဆုံး ရှုံးသွားနိုင်ကြောင်း ဆန်းစစ်သူများက ပြောသည်။
၂၀၁၂ ခုနှစ်၊ မတ်လ ၄ ရက် ရွေးကောက်ပွဲများတွင် ကရင်မလင်သို့ ၀န်ကြီးချုပ်အဖြစ်နှင့် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တတိယ သမ္မတသက်တမ်းရရှိရေးအတွက် အကြံ အစည်မှာ အခက်အခဲများနှင့် ရင်ဆိုင် ရဖွယ်ရှိသည်။
မတ်လ ရွေးကောက်ပွဲများအပြီး ရုရှား အစိုးရအဖွဲ့သို့ ပြန်လာရန် ဗလာဒီမာ ပူတင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံသား အတော်များများသည် စော်ကားခံရသည်ဟု ယူဆကြသည်။ ပူတင်သည် စက်တင်ဘာလ လက်ရှိ သမ္မတ မက်ဗီဒက်ဗ်နှင့် ရာထူးချင်း ဖလှယ် မည်ဟုကြေညာခဲ့ရာ ပြုပြင်မရတော့သည့် အနေအထားဟု ယူဆထားခဲ့သည်။
ဒီဇင်ဘာလ ၂၅ ရက်က လူထု ဆန့်ကျင်လှုပ်ရှားမှုကြီးက ပူတင်၏ အာဏာကို စိန်ခေါ်ခဲ့သော်လည်း ဗလာဒီ မာပူတင်သည် ရုရှားနိုင်ငံသား အများစု၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သူ၏ ပြောဆိုခွင့်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ သည့် ဆန့်ကျင်ဆန္ဒပြပွဲ၌ လူထုက ပူတင်၏ပါတီ အနိုင်ရရှိခဲ့သည့် ဒီဇင် ဘာလအတွင်းက ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲအပေါ် အငြင်း ပွားနေကြပြီး ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။
ဆန္ဒပြသည့် လှုပ်ရှားမှုသည် သတ်သတ်မှတ်မှတ် ခေါင်းဆောင် မပေါ်လာသေးသော်လည်း အရှိန်က ရလာနေပြီဖြစ်သည်။ ယခုလအတွင်းကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲများတွင် မဲမသမာမှုများရှိခဲ့ သည်ဟုဆိုရာမှ ဤကဲ့သို့ လူထု ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။
ပူတင်၏ အာဏာရ ယူနိုက်တက်ရုရှားပါတီ မှာ အနိုင်ရခဲ့သော်လည်း အများစု၏ အားပေးမှု လျော့ကျခဲ့သည်။ အတိုက်အခံဘက်ကို ထောက်ခံ အားပေးသူများသည် အမေရိကန်နိုင်ငံ ခြားရေးဌာနမှ ငွေရရှိသည်။ အေ့ဒ် ရောဂါဆန့်ကျင်သည့်အဖွဲ့နှင့် ပူတင်က နှိုင်းယှဉ်ဖော်ပြမှုကြောင့် ဆန္ဒပြသူများ ၏ဒေါသမှာ ပူတင်ထံသို့ တိုက်ရိုက် ဦးတည်လျက်ရှိသည်။

Ref : မြန်မာ့တိုင်း ( မ် )

0 comments:

Post a Comment


Popular Posts