'
အမိမြေ

တရုတ်နိုင်ငံတွင် ဆေးဝါးအတုများပြုလုပ်ရောင်းချသူ ၃၉ ဦးအား ဖမ်းဆီး

 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကျန်းမာရေး သုံးပစ္စည်းများနှင့် ဆေးဝါးအတုများ ပြုလုပ်ရောင်းချမှု အတွက် ၃၉ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါမှုနှင့် စပ်လျဉ်း၍ လေးလကြာ စုံစမ်းပြီးနောက် ကွမ်ရှိကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ မြို့တော် နန်နင်းအခြေစိုက် ဆေးဝါးအတုများ ပြုလုပ်သည့်ကွန်ရက်အဖွဲ့မှ တန်ဖိုးငွေ ယွမ် ၄၆ သန်းရှိသည့် ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းမြို့၏ ရဲတပ်ဖွဲ့ဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုနည်းတူ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း ဆေးဝါးအတုများ ရောင်းချသည့် နေရာ ၆၉ နေရာအား စီးနင်းဝင်ရောက်ခဲ့ပြီး ဆေးဝါးများပြုလုပ်ရာတွင် အသုံးပြုသည့် ဂိုဒေါင်ရုံ အလုံး ၂၀ အားသိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းစဉ်အတွင်း ဆေးဝါးအတုများပြုလုပ်ရာတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၁၇၇၀ ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။ (ဆင်ဟွာ)

Ref : ခေတ်လူငယ်

0 comments:

Post a Comment


Popular Posts