'
အမိမြေ

အင်းစိန် ဗဟို အကျဉ်းထောင်ရှိ လွတ်ငြိမ်း ချမ်းသာခွင့် အကျုံးဝင်သူ အကျဉ်းသားဦးရေ ၅၀၀ ကျော် ဇန်န၀ါရီလ ၃ ရက်နေ့တွင် လွှတ်ပေး ခဲ့




ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အင်းစိန် ဗဟို အကျဉ်းထောင်ရှိ အကျဉ်းသား များထဲမှ လွတ်ငြိမ်း ချမ်းသာခွင့်မှာ အကျူံးဝင်တဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်များပေးလျက် ရှိပါသည်။ ဒီလို လွတ်ငြိမ်း ချမ်း သာခွင့် ပေးရာမှာ ဇန်န၀ါရီလ ၃ ရက်နေ့ တစ်ရက်တည်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားပေါင်း ၅၂၆ ဦးကို လွှတ်ပေး ခဲ့တယ်လို့ သိရပါသည်။

ဒီလို လွှတ်ပေးရာမှာတော့ လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဉ်းသားများကို အသုတ်လိုက်ခွဲကာ
လွှတ်ပေးခဲ့တယ်လို့ သိရပါသည်။ အဲဒီလို လွှတ်ပေးရာမှာ နံနက် ၉ နာရီခွဲခန့်က ပထမအသုတ် အနေနဲ့ ကျား ၅၃ ဦး ၊ မ ၇၁ ဦး ၊ စုစုပေါင်း ၁၂၄ ဦး လွှတ်ပေးခဲ့ ပါသည်။ ဒီလို လွှတ်ပေးမှုအပြင် နေ့လည် ၁၁ နာရီ  ၄၅ မိနစ်မှာတော့ ဒုတိယအသုတ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ကျား ၂၀၀ ဦးနဲ့ မွန်းလွဲ တစ်နာရီခွဲခန့်က တတိယအသုတ် အနေနဲ့ အကျဉ်းသား ကျား ၁၀၀ ဦးကို ထပ်မံလွှတ်ပေး ခဲ့ပါသည်။

အဲ့ဒီလိုလွှတ်ပေးမှု တွေအပြင် လွတ်ငြိမ်း ချမ်းသာခွင့်မှာ အကျုံးဝင်ပြီး အင်းစိန်ဗဟို အကျဉ်းထောင်မှာ ကျန်ရှိနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများကိုလည်း မွန်းလွဲ ၂ နာရီကျော်ခန့်မှာ စတုတ္ထ အသုတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ကျား ၄၃ ဦးကို ထပ်မံလွှတ်ပေး ခဲ့ပါသည်။ ဆက်လက်ပြီး ညနေ ၅ နာရီ ကျော်မှာတော့ လွှတ်ပေးရန် လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဉ်းသားများထဲမှ ပဉ္စမအသုတ် အကျဉ်းသား ကျား ၅၉ ဦးကို ထပ်မံလွှတ်ပေးခဲ့တာ ဖြစ်ပါသည်။ ဒီလို လွှတ်ပေးမှုမှာတော့ လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဉ်းသား စုစုပေါင်း ၅၂၆ ဦး လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါသည်။

Ref : http://www.mrtv4.net.mm/

0 comments:

Post a Comment


Popular Posts