'
အမိမြေ

ဝန်ကြီးများ၏ လစာများ စင်္ကာပူတွင် လျှော့ချဖြတ်တောက်




စင်္ကာပူအစိုးရမှာ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ လီရှန်လွန်းနှင့် ၎င်း၏ ဝန်ကြီးများအား လစာနှုန်းထား များ လျှော့ချတော့မည်ဖြစ်ကာ လခများလွန်ကျူးစွာ ပေးထားသည်ဟု ဝေဖန်ချက်များ ထွက်ပေါ်လာပြီးနောက် ယခုလို တုန့်ပြန် လိုက်ခြင်း ဖြစ်ပြီး မူလရရှိနေသည့် နှုန်းထားမှ ၅၁ ရာနှုန်းအထိ လျှော့ချနိုင်ကြောင်းလည်း သိရသည်။

ယခုလို လခဖြတ်တောက်မှုကို အစိုးရမှ ခန့်အပ်ထားသည့် ကော်မစ်တီမှ ဗုဒ္ဓဟူးနေ့က ထောက်ခံပြော ကြား လိုက်ခြင်းဖြစ်ကာ ဝန်ကြီး ချုပ် ဖြစ်သူ လီရှန်လွန်းမှလည်း အစိုးရ အနေဖြင့် ယခုလို လုပ်ဆောင်ချက်ကို ထောက်လက်ခံလိမ့် မည် ဖြစ်ကြောင်း ပြောကြား သွားခဲ့ သည်။ လက်ရှိတွင် လီရှန်လွန်း၏ နှစ်စဉ် ရရှိသောလခမှာ ဒေါ်လာ ၂.၃ သန်းဖြစ်ပြီး ၎င်း၏ ဝန်ကြီးအဖွဲ့များမှာလည်း တစ်ဦးလျင် ဒေါ်လာ ၁.၁ သန်း ခန့်ရရှိနေခြင်းဖြစ်သည်။ ယခုလိုရရှိသော ပမာဏမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ယှဉ်ပါက လွန်စွာ များပြားနေကြောင်း လည်း သိရသည်။ယင်းသို့  သဘောတူညီမှုနှင့်အတူ လီရှန်လွန်းအနေဖြင့် ၎င်းလခမှ ၃၆ ရာနှုန်းကို လျှော့ချ လက်ခံပေးမည်ဖြစ်ကာ ၎င်း၏ ဝန်ကြီးများမှာလည်း လခ၏ ၃၇ ရာနှုန်းကို လျှော့ချ လက်ခံပေးသွားမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံ၏ သမ္မတဖြစ်သူမှာမူ လခ၏ ၅၁ ရာနှုန်းကို လျှော့ချလက်ခံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့သော လခလျှော့ချမှုကို လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် မေလ အထိပြန်လည် လျှော့ချ ထုတ်နုတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ စင်္ကာပူနိုင်ငံမှာ အစွမ်းအစရှိသော နိုင်ငံရေးသမားများကို ဆွဲဆောင်နိုင်ရေး အတွက် လခကိုများစွာပေးထားသည့် နိုင်ငံတစ်ခုဖြစ်ကာ အဂတိလိုက်စားခြင်းမှလည်း တားဆီးစေနိုင်ရေးအတွက် ယခုလိုပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ယင်းသို့သော လုပ်ဆောင်ချက်ကို အများမှလက်ခံခဲ့သော်လည်း သာမန်လူတန်းစားနှင့်ယှဉ်ပါက ၎င်းတို့၏ လခမှာ လွန်စွာများပြားနေကြောင်းကို ဝေဖန်မှုများ ရှိနေကြောင်းလည်း သိရသည်။

Ref : http://www.mrtv4.net.mm/

0 comments:

Post a Comment


Popular Posts