'
အမိမြေ

တရားစီရင်ရေး မဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင် စေမည့် လွှမ်းမိုး မှုများ မရှိတော့ကြောင့် သူရ ဦးအောင် ကို ပြောကြား


လက်ရှိ အချိန်တွင် တရားစီရင် ရေး မဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်စေ မည့် လွှမ်းမိုးမှုများ မရှိတော့ကြောင်း တရားစီရင် ရေးမှာ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီ တွင် နေပြည်တော် ရှိ ပြည်သူ့လွှတ် တော် ရေးရာ ကော်မတီဆောင် I-12 တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော် မတီနှင့် ပြည်တွင်း သတင်း ဂျာနယ်မီဒီ ယာများ တွေ့ဆုံပွဲတွင် ပြောကြားသည်။
“ဒီမိုကရေစီ ဟာ ကျယ်ဝန်းလှပါ တယ်။ ဒီမိုကရေစီ အောင်မြင်စွာဖော် ဆောင်နိုင်ဖို့ ဆိုရင် တရားရေး မဏ္ဍိုင်ကြံ့ ခိုင်ရေး အတွက် တရားဥပဒေ စိုးမိုးရန် အထူး လိုအပ်ပါတယ်။ တရား ဥပဒေကို ညွှန်ကြားချက် က လွှမ်းမိုးထားရင်၊ ညွှန် ကြားချက် ကို နှုတ်မိန့်က လွှမ်းမိုး ထား ရင် တရားရေး မဏ္ဍိုင် တိမ်းစောင်းယိမ်း ယိုင်သွား မှာဖြစ်ပါတယ်။ အဲဒီ လွှမ်းမိုးမှု တွေ အခုအချိန် ကစပြီး မရှိတော့ကြောင်း ဒီမှာ အတိ အလင်း ပြောကြား လိုပါတယ်” ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ သူရဦး အောင်ကိုက ပြောကြားသည်။
ခက်မ သုံးဖြာအချုပ်အခြာအာ ဏာ မဏ္ဍိုင် သုံးရပ်၏ တတိယ မဏ္ဍိုင် ဖြစ်သည့် တရား စီရင်ရေး မဏ္ဍိုင်နှင့် ပတ်သက်၍ ဒီမိုကရေစီ နိုင်ငံသစ်နှင့် လိုက်လျောညီ ထွေဖြစ်စေမည့်ပြုပြင် ပြောင်းလဲမှု “အရွေ့” မရှိသေး ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ဝေ ဖန်ထောက်ပြလျက် ရှိကြောင်း၊ လက် ရှိ တရားစီရင်ရေး စနစ်တွင် ကျင့်သုံး လျက်ရှိသည့် လုပ်ထုံး လုပ်နည်း အချို့ သည် ဒီမိုကရေစီ ဖော်ဆောင် နိုင် သော အခြေအနေ မရှိဟု သုံးသပ်ဝေ ဖန်လျက် ရှိကြောင်း၊ လွတ်လပ်သော တရားစီရင်ရေး စနစ်မရှိခြင်း (အမိန့် ပေးစနစ် လွှမ်းမိုး နေခြင်း)၊ ထင်သာမြင် သာသော တရားစီရင်မှု မရှိခြင်း၊ အဂ တိ လိုက်စားခြင်း တို့သည် တရားရေး မဏ္ဍိုင် ယိမ်းယိုင် စေသောအကြောင်း တရား များဖြစ်ကြောင်း၊ နိုင်ငံ၏ လက် ရှိ တည်ဆဲ ဥပဒေ တွေကို ပြန်လည် စိစစ်ရာ ဒီမိုကရေစီ နှင့် မကိုက်ညီသည့် ဥပဒေ ဟောင်းများ ပါဝင်ကြောင်း သူရ ဦးအောင်ကို က ပြောကြားသည်။
ခိုင်လင်းကျော်
ခိုင်မင်း(နေပြည်တော်)

0 comments:

Post a Comment


Popular Posts