'
အမိမြေ

ယခင်အစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်


ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အပါအဝင် ယခင်အစိုးရလက်ထက်က မည်သည့်အမှုဟောင်းများကိုမဆို မိမိပြစ်ဒဏ်ကျခဲ့စဉ်က မမှန်ကန်၊ မမျှတခဲ့ကြောင်း၊ အဂတိ တရားများရှိခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တိုင်ကြားလာပါက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက သက်ဆိုင်ရာ တရားလွှတ်တော်ရုံးများသို့ လွှဲအပ်ပြီး ပြန်လည်စိစစ်စေမည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများကို ပြောသည်။ “အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြန်လွတ်လာတော့မှာပါ။ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီကို ပြန်တင်ပေးပါ။ ဆက်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီ အမှုဟောင်းတွေဟာ ငါးနှစ်ပဲကြာကြာ၊ ၁၀ နှစ်ပဲ ကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်။ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွဲရင် ဘယ်အမှုဟောင်းတွေပဲ ဖြစ်ဖြစ် တင်ပေးလာရင် ဆောင်ရွက်ပေးပါမယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ တိုင်ကြားစာများ၊ အသနားခံစာများပေးပို့လိုပါက “တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့လွတ်တော်၊ နေပြည်တော်”ဟု လိပ်မူ၍ လည်းကောင်း၊ “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်”ဟု လိပ်မူ၍လည်းကောင်း၊ သို့တည်းမဟုတ် နှစ်ခုစလုံးသို့ လည်းကောင်းပေးပို့နိုင်ကြောင်း ၎င်းကပြောသည်။ “ဒီနေ့အထိ တိုင်ကြားလာတဲ့ အမှုပေါင်း ၁၀၀ ခန့် ရှိပါတယ်။ အထောက်အထား အချက်အလက်ခိုင်လုံတဲ့ အမှုက ၆၉ ခုရှိပါတယ်။ ကော်မတီအနေနဲ့ တရားမျှတမှုနဲ့ ပြည်သူ့ မျက်နှာကိုပဲ ကြည့်ပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်း ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

4 comments:

zaw said...

နားရှိလို့ သာ ကြားလိုက်ရတယ်။(မယုံရေးချ မယုံ)

Anonymous said...

ပုံပြင်လာပြောနေတာလားဟင်...

Anonymous said...

ဟိုးငယ်ငယ်က အိပ်ယာဝင်ပုံပြင်လောက်တောင်မကောင်းဘူး အိပ်လို့တောင်မပျော်ဘူးကြားရပီးတော့ ဟိဟိ

တာရာကြူးတေး said...

ချီး(ချေး)စားပြီးပြောလျှင်တောင် ပြောသူချီး(ချေး)ကြိုက်လွန်းလို့ဟုသာ မှတ်ယူပါမည်။

Post a Comment


Popular Posts