'
အမိမြေ

KIA မိုင်းကြောင့် ကချင်လင်မယားနှစ်ဦး ဒဏ်ရာရ


 စက်တင်ဘာ ၂၁၊ ဗုဒ္ဓဟူးနေ့ ၁၀ နာရီကျော်ခန့်က တနိုင်းမြိ့နယ် လီဒိုလမ်းမပေါ်မှ ရှထူးဇွပ်ကျေးရွာ ကချင်လင်မယားနှစ်ဦးမှာ ရွာအနီး KIA ကထောင်ထားသော မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ KIA အနေနှင့် ကျေးရွာများအနီး တွင်လုံခြုံရေးအရ မိုင်းထောင်သည် ဆိုသော အကြောင်းပြ ချက်များ ဖြင့် ပြုလုပ်နေ သော်လဲ  ကချင်လူမျိုး အချင်းချင်း သတ်နေသည် နှင့်သာတူပါနေပါသည် ..

မိုင်းကြောင့် ဦးလဂျော်နော်မှာ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ၎င်း၏ဇနီးသည် လွယ်လမ်လု မှာ ညာဘက် ခြေထောက်ကြိုးသွားခဲ့သည်။

ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးအား ကားမိုင်းဆေးရုံသို့ ပို့ထားရာမှ ယခုအချိန် မြစ်ကြီးနားဆေးရုံကြီး သို့ ပြောင်းရွှေ့ထားကြောင်း လူနာနှင့်နီးစပ်သူများပြောသည်။

ရွာမှ ရိုမင်ကက်သလစ် အသင်းတော်၏ လက်ဝါးကပ်တိုင်တောင် အနီးတွင် ထောင်ထားသောမိုင်းကို လင်မယားနှစ်ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ရွာသားများပြောပါသည်။



0 comments:

Post a Comment


Popular Posts