'
အမိမြေ

အလုပ်ရှင်နှင့်အလုပ်သမားများအတွက်



အလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအနည်းဆုံး ဦးရေ ၃၀ ဖြင့် အခြေခံအလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်တော့မည် ဖြစ်ပြီး အလုပ်ရှင်များကလည်း အလုပ်ရှင်အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်မည် ဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းအရ သိရသည်။
အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းတွင် အလုပ်သမားများ သပိတ်မှောက်နိုင်ကြောင်းနှင့်  သပိတ် မှောက်ရာတွင် ဥပဒေနှင့်အညီ မည် ကဲ့သို့သပိတ်မှောက်ရမည်ကို ထည့်သွင်း ပြဋ္ဌာန်းထားကြောင်း အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းအရ သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် လည်းကောင်း အလုပ်သမားများအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန်စေရန် လည်းကောင်း  အလုပ်သမား အဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရန်လည်းကောင်း ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟူ၍ အလုပ်သမားအဖွဲ့ အစည်းများ ဥပဒေကြမ်းနိဒါန်းတွင် ဖော်ပြထားပါသည်။


လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်  အတွင်းရှိ မြို့နယ်အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမား အဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင် . . .


အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် အလို့ငှာ အလုပ်သမား အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်ကြောင်း အလုပ်သမားဦးရေ ၃၀ အောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုဖြစ်ပါက လုပ်ငန်းသဘော သဘာဝ တူညီသော အခြားလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု တစ်ခုခုနှင့်ပူး ပေါင်းဖွဲ့စည်းနိုင်ကြောင်း ယင်းသို့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်း အောက်မနည်းသူများက ထောက်ခံရ မည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများ ဥပဒေကြမ်းပုဒ်မ ၄(က) အရ သိရသည်။
ထို့ပြင် မြို့နယ် အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံ အလုပ်သမား အဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမား အဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်  အတွင်းရှိ မြို့နယ် အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း အောက်မနည်းသော အလုပ်သမား အဖွဲ့အစည်းများက ထောက်ခံလျှင်  ဖွဲ့စည်းနိုင်ကြောင်း သိရသည်။
အလားတူ အလုပ်သမားအဖွဲ့ချုပ် ကို လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမား အဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမား အဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း  သိရသည်။
လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ချုပ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမားအဖွဲ့ချုပ်များက ထောက် ခံလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့များကို ဖွဲ့စည်းနိုင် ကြောင်း သိရသည်။
ထို့ပြင် အလုပ်ရှင်များသည် အလုပ်ရှင် အဖွဲ့အစည်းများကို ဥပဒေ အရ အလားတူဖွဲ့စည်းနိုင်ကြောင်း  အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်း ပုဒ်မ ၈ အရ သိရသည်။
သပိတ်မှောက်ခြင်း ဆိုသည်မှာ  အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်း၍ မရနိုင်သည့်အခြေအနေတွင် ရှိသော လူမှုရေး သို့မဟုတ် အလုပ်အကိုင် ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍အလုပ် သမားအချို့ကဖြစ်စေ အားလုံးက ဖြစ်စေ ဆုံးဖြတ်၍အလုပ်ရပ်ဆိုင်း ခြင်း၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ အလုပ် ဆက်လက်လုပ်ကိုင်ရန်ဖြစ်စေ ငြင်းဆန်ခြင်း၊ အလုပ်နှောင့်နှေးစေရန် ပြုလုပ်ခြင်း သို့မဟုတ် အများစု သဘောတူညီမှုဖြင့် ထုတ်လုပ်မှုကို ဖြစ်စေ၊ ၀န်ဆောင်မှုကိုဖြစ်စေ ထိခိုက် ကျ ဆင်းစေသည့် စုပေါင်းလုပ်ဆောင် ခြင်းကိုဆိုကြောင်း ယင်းစကားရပ်တွင် အလုပ်သမားများ၏အသက် သို့မဟုတ် ကျန်းမာရေးအပေါ် ရုတ်ချည်းပြင်းထန်စွာ အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာယုံကြည်သည့်အကြောင်း ကြောင့် လုပ်ငန်းခွင်မှထွက်ခွာသွားရန် ၎င်းတို့၏အခွင့်အရေးကို ကျင့်သုံး ခြင်းမပါဝင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများဥပဒေကြမ်း ပုဒ်မ ၂(ဆ) အရ သိရသည်။
အများပြည်သူဆိုင်ရာ ၀န်ဆောင် မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်းပြု လိုသော အလုပ်သမားအဖွဲ့အစည်း သည် အဖွဲ့အစည်းဝင်အလုပ်သမား အများစု၏ဆန္ဒပြုချက်အရ သက်ဆိုင် ရာ အလုပ်သမားအဖွဲ့ချုပ်နှင့်ပေါင်း စည်းဆက်သွယ်ထားလျှင် ယင်းအလုပ် သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် သပိတ် မှောက်မည့်အချိန်ကာလကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်နှင့် သက်ဆိုင်ရာညှိနှိုင်းဖျန် ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက် မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြို တင်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းသည် ပြတ်တောက် ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူ အချို့၏အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော မရှိမဖြစ် လိုအပ်သည့် ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ မီးသတ် လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊ တယ်လီကွန်းဆက်သွယ် ရေးလုပ်ငန်းတို့ပါဝင်သော ၀န်ဆောင် မှုတစ်ရပ်ရပ်နှင့်ငြိစွန်းပါက ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းဖြစ် သည်ဟု အဆိုပါဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားပါသည်။


0 comments:

Post a Comment


Popular Posts