'
အမိမြေ

ချေးငွေနှင့် အပ်ငွေအတွက် ဘဏ်တိုးနှုန်းများ ပုဂ္ဂလိကဘဏ်များ တစ်ပြေးညီ"သတ်မှတ်



ပုဂ္ဂလိကဘဏ်များအနေဖြင့် စုငွေများအပေါ် ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများကို ၁၀ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အောက်တိုဘာ ၁ ရက်တွင် တစ်ပြေးညီ သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ သိရသည်။ ဘဏ်များအနေဖြင့် စုငွေများအပေါ် ပေးသည့်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအဖြစ် လည်းကောင်း၊ ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းအဖြစ် လည်းကောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ရောင်းချမှုများနှင့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချရေးကော်မတီမှ ရောင်းချမှုများအား ဘဏ်ချေးငွေဖြင့် ဝယ်ယူမှုများအတွက် အတိုးနှုန်း ၁၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးချေးငွေနှင့် စက်မှုလက်မှုလုပ်ငန်း ချေးငွေများအတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအဖြစ် လည်းကောင်း သတ်မှတ်ထားပြီဖြစ်ပြီး Fixed Deposit များအတွက်မူ သက်ဆိုင်ရာဘဏ်အလိုက် ၁၀၊ ၁၀ ဒသမ ၂၅၊ ၁၀ ဒသမ ၅၊ ၁၀ ဒသမ ၇၅ နှင့် ၁၁ ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ “ငွေအပ်တဲ့သူတွေကို တစ်နှစ် ၁၀ ရာခိုင်နှုန်း အတိုးရပါမယ်။ ချေးငွေယူတဲ့သူတွေကတော့ တစ်နှစ်ကို ၁၅ ရာခိုင်နှုန်း အတိုးပေးရပါမယ်။ ပုဂ္ဂလိကဘဏ်တွေအားလုံး တစ်ပြေးညီ သတ်မှတ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာ ၂ ရက်က ဘဏ်များအနေဖြင့် ငွေစုဘဏ်အပ်ငွေနှင့် ငွေစုလက်မှတ်အပေါ် ပေးသည့်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းထက် မနည်းစေရန်နှင့် ချေးငွေအပေါ် ယူသည့်အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းထက် မလျော့စေရန် ထုတ်ပြန်ကြေညာထားပြီး ဘဏ်များအနေဖြင့် တိကျသော အတိုးနှုန်းသတ်မှတ်မှု တစ်ခုကို စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်သော အစည်းအဝေးတွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဘဏ်တိုးများကို တရားဝင် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ဘဏ်တိုးနှုန်း မြင့်မားမှုကြောင့် ဘဏ်များသို့ ငွေများအပ်နှံကာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်သူများအနေဖြင့် ငွေပြန်ထုတ်ကာ ပြင်ပစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်လာနိုင်ကြကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။""


0 comments:

Post a Comment


Popular Posts