'
အမိမြေ

စစ်တပ်နှင့် တိုက်ပွဲသတင်းများတွင် ထိခိုက်ကျဆုံးမှု ကိန်းဂဏန်းများ ဖောင်းပွမှုနှင့် မှားယွင်းဖော်ပြမှု များကြောင့် ကချင် သတင်းဌာနများကို အယုံအကြည်ကင်းမဲ့


ကချင်သတင်းဌာန ၀က်ဘ်ဆိုဒ်များဖြစ်သော Kachin News Group (http://burmese.kachinnews.com) နှင့် Kachinland News (http://kachinlandnews-burmese.com) တို့တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲ သတင်းများကို အစဉ်တစိုက်ဖော်ပြလျက်ရှိပါသည်။ ယင်းသို့ဖော်ပြရာတွင် ထိခိုက်ကျဆုံးမှုများကို အလွန် အမင်း မှားယွင်းဖော်ပြနေမှုများကြောင့် ၀င်ရောက်ဖတ်ရှုသူများမှ ယုံကြည်မှု ကင်းမဲ့နေကြကြောင်း သတင်း ရရှိပါသည်။

ကျွန်တော်တို့ သတင်းအဖွဲ့အနေနဲ့ ဒီသတင်းတွေကြောင့် တာမိုးညဲနဲ့ ကွတ်ခိုင်ဘက်မှာ လိုက်လံစုံစမ်းတော့ တိုက်ပွဲ ဖြစ်နေတဲ့ သတင်းတွေက မှန်ကန်ပြီး ထိခိုက်သေဆုံးမှုများမှာ အလွန်အမင်းမှားယွင်းဖော်ပြနေတာကို သိရပါတယ်။ KNG သတင်းဌာနမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင်ဖော်ပြသော လွယ်ကန်ဌာနချုပ်ကို စစ်တပ်မှ တပ်မ (၉၉)နဲ့ တပ်မ(ဂဂ) တို့ဝင်တိုက်တာ စစ်တပ်က လူဒါဇင်ချီပြီးသေတယ်။ ဒဏ်ရာရတာ လူ၁၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ နောက် စက်တင်ဘာ ၂၇ မှာလည်း Kachinland News မှာ ဖော်ပြထားတာကတော့ တပ်မ (၉၉) က တပ်ဆုတ်သွားတာ အလောင်း (၆၀) လောက်ကျန်ခဲ့တယ်တဲ့။ ဒါပေမယ့် တာမိုးညဲဘက်ကလူတွေပြောတာကတော့ ကွတ်ခိုင်တို့ မူဆယ်တို့က ဆေးရုံတွေမှာ စစ်သားတစ်ယောက်မှမရှိပါဘူးလို့ပြောပါတယ်။

မြန်မာစစ်တပ်မှ လူအားနဲ့ မတိုက်ပဲ လက်နက်ကြီးများနဲ့ အဝေးမှ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်များကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စခန်းကနေထွက်ခွာပြီး တောထဲခိုအောင်းထားရခြင်း ဖြစ်တယ်လို့ တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှုးကြီး ဇောရောက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ စစ်တပ်က ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လို့ လွတ်မြောက်နယ်မြေဖြစ်တဲ့ “၀” နယ်မြေထဲကို တိမ်းရှောင်မှုတွေ လုပ်မယ်လို့ သိရပါတယ်။ ဒီကချင်သတင်းဌာနများဟာ သတင်းဌာနတွေလိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာပဲ အလွန်အမင်းပုံကြီးချဲ့ ရေးသားထားတာကြောင့် သတင်းဌာနတွေကို ယုံကြည်မှုလျော့ပါးလာပါ တယ်။ ဒါ့အပြင် အစိုးရ စစ်တပ်ကတော့ တပ်မဟာ ၄ နေရာကို သိမ်းပိုက်ပြီးတဲ့အထိ ထိခိုက်ကျဆုံးတာ ၁၅ယောက်တောင် မပြည့်သေးဘူးလို့ စစ်ဘက်အသိုင်းအ၀ိုင်းမှ ကြားသိရပါတယ်။


0 comments:

Post a Comment


Popular Posts