'
အမိမြေ

 အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီး ပြောကြား


မြန်မာအစိုးရသည် မကြာမီ အကျဉ်းသားများ ထပ်မံ လွှတ်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။  သမ္မတကြီးသိန်းစိန်သည် မေလက ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ပြီးနောက် အကျဉ်းသား ၂၀၀၀၀ ခန့် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် လည်း တောင်းဆိုခဲ့သည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လတွင် လက်နက်ကိုင်အတိုက်အခံ တိုင်းရင်းသားအဖွဲ့အချို့နှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ စက်တင်ဘာလတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများ အလိုရှိနေသည်ဟု ယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဖြစ်ထွန်းတိုးတက်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ကျယ်ပြန့်သော အသွင်ကူးပြောင်းရေး ဖော်ဆောင်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment


Popular Posts